Psalms 143:1
အိုထာဝရဘုရား၊ အကျွန်ုပ်၏ပဌနာကိုကြား၍၊ ဆုတောင်းသော စကားကိုနားထောင်တော်မူပါ။ သစ္စာ စောင့်ခြင်း၊ ဖြောင့်မတ်ခြင်းရှိတော်မူသည်အတိုင်း ပြန် ပြောတော်မူပါ။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
2 Samuel 7:25ယခုမှာအိုထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်ကျွန်၌၎င်း၊ ကိုယ်တော်ကျွန်၏အမျိုးအနွယ်၌၎င်း၊ မိန့်တော်မူသော စကားတော်ကို အစဉ်အမြဲ တည်စေတော်မူပါ။ မိန့်တော်မူသည်အတိုင်း ပြုတော်မူပါ။
Psalms 31:1အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ခုံလှုံပါ ၏။ ရှက်ကြောက်ခြင်းနှင့် အစဉ်ကင်းလွတ် ပါစေသော။ တရားတော်နှင့်အညီ အကျွန်ုပ်ကို ကယ်မတော်မူပါ။
Psalms 89:1အကျွန်ုပ်သည် ထာဝရဘုရား၏ ကရုဏာတော် ကို အစဉ်အမြဲ သီချင်းဆိုပါမည်။ ကိုယ်တော်၏သစ္စာကို လူမျိုးအဆက်ဆက်တို့အား ဟောပြောမြွက်ဆိုပါမည်။
Daniel 9:16အိုဘုရားရှင်၊ ဖြောင့်မတ်တော်မူခြင်း တရား တော်ရှိသမျှတို့နှင့်အညီ၊ သန့်ရှင်းသော တောင်တော် တည်းဟူသော ကိုယ်တော်၏ ယေရုရှလင်မြို့မှ ပြင်းစွာ သော ဒေါသမျက်တော်ကို လွှဲတော်မူပါဟု အကျွန်ုပ် တောင်းပန်ပါ၏။ အကြောင်းမူကား၊ အကျွန်ုပ်တို့ အပြစ် များမှစ၍ ဘိုးဘေးတို့၏ အပြစ်များကြောင့်၊ ယေရုရှလင် မြို့နှင့် ကိုယ်တော်၏လူစုသည် ပတ်ဝန်းကျင်၌ရှိသော သူတို့တွင် ကဲ့ရဲ့စရာအကြောင်း ဖြစ်ပါ၏။