Psalms 143:6
ကိုယ်တော်ထံသို့ လက်တို့ကို ဆန့်ပါ၏။ သွေ့ ခြောက်သောမြေကဲ့သို့ အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်ကိုတောင့်တပါ၏။
1835 Judson Burmese Bible
In The King James Version
I stretch forth my hands unto thee: my soul thirsteth after thee, as a thirsty land. Selah.
In Context
Cross References
Exodus 9:29မောရှေကလည်း၊ မြို့ထဲက ကျွန်ုပ်ထွက်သွားသောအခါ၊ ထာဝရဘုရားရှေ့တော်၌ ကျွန်ုပ်လက်ဝါးတို့ကို ဖြန့်ပါမည်။ ထာဝရဘုရားသည် မြေကြီးကို အစိုးရတော်မူကြောင်းကို ကိုယ်တော်သိစေခြင်းငှာ မိုဃ်းကြိုးစဲလိမ့် မည်။ မိုဃ်းသီးလည်း မကျမရွာရ။
Job 11:13သင်သည် စိတ်နှလုံးကို ပြင်ဆင်၍ လက်တို့ကို ဘုရားသခင်ထံတော်သို့ ဆန့်လျှင်၎င်း၊
Psalms 42:3သူတပါးတို့က၊ သင်၏ဘုရားသခင်သည် အဘယ်မှာရှိသနည်းဟု ငါ့ကိုအစဉ်ပြောဆိုကြသဖြင့်၊ ငါ့မျက်ရည်သည် နေ့ညဉ့်မပြတ် ငါစားစရာဖြစ်ရ၏။
Psalms 63:1အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်ကို ကြိုးစား၍ ရှာပါ၏။ ရေမရှိသွေ့ခြောက်သော လွင်ပြင်၌ အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်ကို ငတ်ပါ၏။ အကျွန်ုပ်၏ ကိုယ်ခန္ဓာသည်လည်း ကိုယ်တော်ကို လွမ်းဆွတ်ပါ၏။
Psalms 88:9အကျွန်ုပ်ခံရေသော ဒုက္ခကြောင့် အကျွန်ုပ် မျက်စိသည် ပျက်ပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်ကို အစဉ်အော်ဟစ်ပါ၏။ အထံတော်သို့ လက်ကိုဆန့်ပါ၏။
Isaiah 26:8အိုထာဝရဘုရား၊ အကျွန်ုပ်တို့သည် တရားတော် လမ်း၌ သွားလျက်၊ ကိုယ်တော်ကို မြော်လင့်၍၊ ကိုယ်တော် ၏အမည်၊ ဘွဲ့နာမတော်ကို စိတ်နှလုံး၌ တသလျက်ရှိပါ ၏။