Psalms 145:21
ထာဝရဘုရား ကို ချီးမွမ်း လျက်ငါ မြွက်ဆိုမည်။ ခပ်သိမ်း သော လူ တို့သည် သန့်ရှင်း သော နာမတော် ကို ကမ္ဘာ အဆက်ဆက်ကောင်းကြီး ပေးကြစေ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Psalms 30:12သို့ဖြစ်၍ အကျွန်ုပ်၏ဝိညာဉ် သည် တိတ်ဆိတ် စွာမ နေ။ ကိုယ်တော် ကို သီချင်း ဆိုပါမည်။ အိုအကျွန်ုပ် ၏ ဘုရား သခင်ထာဝရဘုရား ၊ ကျေးဇူးတော် ကို အစဉ် အမြဲချီးမွမ်း ပါမည်။
Psalms 65:2ပဌနာ စကားကို နားထောင် တော်မူသောဘုရား၊ ကိုယ်တော် ထံ သို့လူသား အပေါင်း တို့သည် ချဉ်းကပ် ရကြလိမ့်မည်။
Psalms 69:35ဘုရား သခင်သည် ဇိအုန် မြို့ကို စောင့် ၍ ၊ ယုဒ မြို့ တို့ကို ပြု စုတော်မူသဖြင့် ၊ ထို သူတို့သည် နေ ၍ ပိုင် ရကြလိမ့်မည်။
Psalms 71:15ဖြောင့်မတ် တော်မူခြင်းနှင့် ကယ်တင် တော်မူခြင်းကျေးဇူးကို အကျွန်ုပ်သည် နေ့တိုင်း အစဉ် ညွှန် ကြား ပါမည်။ ကျေးဇူးတော်တို့ကို ရေတွက် ၍ မ ကုန်နိုင်ပါ။
Psalms 86:9အို ထာဝရ ဘုရား၊ ဖန်ဆင်း တော်မူသောလူမျိုး အပေါင်း တို့သည် ချဉ်းကပ် လျက် ရှေ့ တော်၌ ပြပ်ဝပ် ၍ ၊ နာမ တော်ကို ချီးမြှောက် ကြပါလိမ့်မည်။
Psalms 103:22နိုင်ငံ တော်အရပ်ရပ် ၌ စီရင် ဖန်ဆင်းတော်မူသမျှ တို့၊ ထာဝရဘုရား ကို ကောင်းကြီး ပေးကြလော့။ အို ငါ့ ဝိညာဉ် ၊ ထာဝရဘုရား ကို ကောင်းကြီး ပေးလော့။