Psalms 147:13
အကြောင်းမူကား၊ သင်၏တံခါးကန့်လန့်တို့ကို ခိုင်မာစေ၍၊ သင်၏အထဲမှာ သားသမီးများကို ကောင်း ကြီးပေးတော်မူ၏။
1835 Judson Burmese Bible
In The King James Version
For he hath strengthened the bars of thy gates; he hath blessed thy children within thee.
In Context
12အိုယေရုရှလင်မြို့၊ ထာဝရဘုရားကို ချီးမွမ်း လော့။ အိုဇိအုန်မြို့၊ သင်၏ဘုရားသခင်ကို ချီးမွမ်းလော့။
Cross References
Nehemiah 6:1ထိုအခါ မြို့တံခါးတို့ကို မထူထောင်သေးသော် လည်း၊ မြို့ရိုးတည်၍ လုံကြောင်းကို သမ္ဘာလတ်၊ တောဘိ၊ အာရပ်လူ ဂေရှင်မှစ၍ ကြွင်းသော ရန်သူတို့သည် သိတင်းကြားသောအခါ၊
Nehemiah 7:3နေမထွက်မှီ ယေရုရှလင်မြို့တံခါးတို့ကို မဖွင့်စေ နှင့်။ တံခါးစောင့်ရှိစဉ်၊ တံခါးတို့ကို ပိတ်၍ ကန့်လန့်ကျင် ထိုးစေ။ မြို့သူမြို့သားတို့သည် အသီးအသီး မိမိတို့အရပ် မိမိတို့အိမ်တဘက်တချက်၌ ကင်းစောင့်စေဟု စီရင်၏။
Psalms 48:11တရားစီရင်တော်မူချက်များကြောင့် ဇိအုန် တောင်သည် ဝမ်းမြောက်၍၊ ယုဒအမျိုးသမီးတို့သည် ရွှင်လန်းကြပါ၏။
Psalms 115:14ထာဝရဘုရားသည် သင်တို့နှင့် သင်တို့ သားမြေးတို့၌ မင်္ဂလာကို တိုးပွားစေတော်မူမည်။
Psalms 128:3သင်၏မယားသည် သင့်အိမ်နားမှာ များစွာ အသီးသီးသော စပျစ်နွယ်ပင်ကဲ့သို့၎င်း၊ သားသမီး တို့သည် သင့်စားပွဲပတ်လည်၌ စိုက်ပျိုးသော သံလွင်ပင် များကဲ့သို့၎င်း ဖြစ်ကြလိမ့်မည်။
Isaiah 44:3အကြောင်းမူကား၊ ရေငတ်သော သူအပေါ်မှာ ရေကို ငါသွန်းလောင်း၍၊ သွေ့ခြောက်သော မြေကို ရေလွှမ်းမိုးစေမည်။ သင်၏ အမျိုးအပေါ်မှာ ငါ့ဝိညာဉ်ကို၎င်း၊ သင်၏အနွှယ်အပေါ်မှာ ငါ့ကောင်းကြီးမင်္ဂလာကို ၎င်း ငါသွန်းလောင်းမည်။