Psalms 149:6
တပါးအမျိုးသားတို့အား တရားအတိုင်း အပြစ် ပေး၍၊ လူစုတို့အား ဒဏ်ခတ်ခြင်းငှါ၎င်း၊ သူတို့၏ ရှင်ဘုရင်များကို သံကြိုးနှင့် ချည်နှောင်၍၊ မှူးမတ်များ ကို သံခြေချင်းခတ်ခြင်းငှါ၎င်း၊ ကျမ်းစာ၌မှတ်သားသော အပြစ် စီရင်ခြင်းကိုသူတို့အား ပြုခြင်းငှါ၎င်း၊ သန့်ရှင်း သူတို့သည် ဘုရားသခင်၏ဂုဏ်တော်ကို နှုတ်နှင့်ချီးမွမ်း ၍၊ သန်လျင်ကို လက်နှင့်ကိုင်ကြစေ။ ထာဝရဘုရား၏ သန့်ရှင်းအပေါင်းတို့သည် ထိုသို့သောဘုန်းနှင့်ဆိုင်ကြ၏။ ဟာလေလုယ။
1835 Judson Burmese Bible
In The King James Version
Let the high praises of God be in their mouth, and a twoedged sword in their hand;
In Context
Cross References
Judges 3:16ဧဟုဒသည် အလျားတတောင်ရှိသော သန်လျက်ကို လုပ်၍ လက်ျာပေါင်အဝတ်တွင်း၌ စည်းထားပြီးလျှင်၊
Psalms 66:17ငါသည် ဘုရားသခင်ကို နှုတ်နှင့် အော်ဟစ်၍၊ ဂုဏ်တော်ကိုလည်း လျှာနှင့် ချီးမွမ်းရပြီ။
Psalms 115:7လက်ရှိ၍ မကိုင်တတ်။ ခြေရှိ၍မသွားတတ်။ သူတို့လည်ချောင်းဖြင့် အသံမပြုတတ်ပါတကား။
Daniel 4:37ယခုတွင် ငါ့နေဗုခဒ်နေဇာသည် ကောင်းကင် ဘုံ၏ အရှင်ဘုရားသခင်ကို ချီးမွမ်းထောပနာပြု၏။ စီရင်ဖန် ဆင်းတော်မူသမျှသော အရာတို့သည် သစ္စာနှင့် ပြည့်စုံ၍တရားနှင့် ညီလျော်ကြ၏။ မာနထောင် လွှားသော သူတို့ကို နှိမ်ချခြင်းငှါ တတ်နိုင်တော်မူ၏ဟု အမိန့်တော်ကို အရပ်ရပ်သို့ ပြန့်စေတော်မူ၏။
Luke 2:14ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌ ငြိမ်သက်ခြင်း ရှိစေသတည်း။ လူတို့အား မေတ္တာကရုဏာရှိစေသတည်းဟုဘုရားသခင်ကို ချီးမွမ်း၍မြွက်ဆိုကြ၏။
Revelation 1:16လက်ျာလက်တော်သည်လည်း ကြယ်ခုနှစ်လုံးကို ကိုင်၏။ ခံတွင်းတော်ထဲကလည်းထက်သော သန်လျက် ထွက်၏။ မျက်နှာတော်သည်အရှိန်တန်ခိုးနှင့် ထွန်း တောက်သောနေကဲ့သို့ဖြစ်၏။