The Bible Software
Psalms · 1835 Judson Burmese Bible

Psalms 150

1သန့်ရှင်းရာ ဌာနတော်၌ ဘုရားသခင်ကို ချီးမွမ်းကြလော့။ ဘုန်းတော်ထင်ရှားရာ ကောင်းကင် မျက်နှာကြက်ပေါ်မှာ ချီးမွမ်းကြလော့။

2ထူးဆန်းသော တန်ခိုးတော်များကြောင့်၊ ဘုရား သခင်ကို ချီးမွမ်းကြလော့။ အလွန်တရာကြီးမြတ်တော်မူ ခြင်းရှိသည်အတိုင်း ချီးမွမ်းကြလော့။

3တံပိုးမှုတ်လျက်ဘုရားသခင်ကို ချီးမွမ်းကြလော့။ တယောနှင့် စောင့်ကိုတီးလျက် ချီးမွမ်းကြလော့။

4ပတ်သာတီးလျက်၊ ကခုန်လျက်နှင့်ချီးမွမ်းကြ လော့။ ကြိုးနှင့်ပြည့်စုံသော တုရိယာကိုတီးလျက်၊ နှဲခရာ ကို မှုတ်လျက်ချီးမွမ်းကြလော့။

5အသံကျယ်သောသံလွင်ကို တီးလျက်ချီးမွမ်းကြ လော့။ အကြီးဆုံးသော လင်းကွင်းကိုလည်း တီးလျက် ချီးမွမ်းကြလော့။

6အသက်ရှိသော သူအပေါင်းတို့သည် ထာဝရ ဘုရားကို ချီးမွမ်းကြစေ။ ဟာလေလုယ။ ဒါဝိဒ်မင်းကြီးနှင့်ရှင်အာသပ်အစရှိသော ပရောဖက်များတို့သည် စီရင်ရေးထားသော ဆာလံကျမ်းပြီး၏။

← Psalms 149Read In The App, Free →Proverbs 1 →

Study Psalms 150

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150