Psalms 16:8
ငါသည် ထာဝရဘုရားကို အစဉ်မပြတ် မျက် မှောက်ပြု၏။ အကြောင်းမူကား၊ ငါလက်ျာဘက်၌ တည်ရှိတော်မူသည်ဖြစ်၍၊ ငါသည်လှုပ်ရှားခြင်း မရှိရ။ ထိုကြောင့် ငါ့စိတ်နှလုံးသည် သာယာခြင်း၊
1835 Judson Burmese Bible
In The King James Version
I have set the LORD always before me: because he is at my right hand, I shall not be moved.
In Context
9ငါ့ဝိညာဉ်သည်လည်း ရွှင်လန်းခြင်းရှိ၏။ ထိုမှ တပါး၊ ငါ့အသားသည် မြော်လင့်လျက် ကျိန်းဝပ်လိမ့်မည်။
Cross References
Psalms 15:5ကိုယ်ငွေကို ချေး၍ အတိုးမယူ၊ အပြစ်မရှိသော သူ၏တဘက်မှ တံစိုးကို မခံဘဲကျင့်သောသူသည် လှုပ် ရှားခြင်းနှင့် အစဉ်အမြဲ ကင်းလွတ်လိမ့်မည်သတည်း။
Psalms 62:3သင်တို့သည် အဘယ်မျှကာလပတ်လုံး တယောက်သောသူကို တိုက်ကြမည်နည်း။ သူ့ကို တိမ်းသော အုပ်ရိုး၊ လှုပ်သော ထရံကဲ့သို့ မှတ်၍၊ သင်တို့အပေါင်းသည် အဘယ်မျှကာလပတ်လုံး ဖြိုဖျက် ကြမည်နည်း။
Psalms 62:7ငါ့ကို ကယ်တင်ခြင်းအကြောင်း၊ ငါ၏ဘုန်းပွင့်ခြင်းအကြောင်းကား ဘုရားသခင်ပေတည်း။ ငါ့ကို အားပေးသောကျောက်၊ ငါခိုလှုံရာကား ဘုရားသခင်ပေတည်း။
Psalms 73:26အကျွန်ုပ်၏အသားနှင့် နှလုံးသည် ပျက်ကြပါ ၏။ သို့သော်လည်း၊ ဘုရားသခင်သည် အကျွန်ုပ်နှလုံး၏ အစွမ်းသတ္တိ၊ အကျွန်ုပ်အစဉ်အမြဲ ခံစားရာအဘို့ ဖြစ်တော်မူ၏။
Psalms 110:5လက်ျာတော်နားမှာ ရှိသောဘုရားရှင်သည် အမျက်တော် အချိန်ကာလ၌ ရှင်ဘုရင်တို့ကို ဒဏ်ခတ် တော်မူမည်။
Psalms 139:18ထိုအကြံအစည်တော်တို့ကို ရေတွက်လျှင်၊ သဲလုံး နှင့်အမျှမက သာ၍များပြားကြပါ၏။အကျွန်ုပ်သည် နိုးသောအခါကိုယ်တော်ထံ၌ အစဉ်ရှိပါ၏။