Psalms 18:3
ချီးမွမ်းအပ်သော ထာဝရဘုရားကို ငါတောင်း လျှောက်၍ ရန်သူတို့ လက်မှကယ်တင်ခြင်းသို့ ရောက်၏။
1835 Judson Burmese Bible
In The King James Version
I will call upon the LORD, who is worthy to be praised: so shall I be saved from mine enemies.
In Context
4သေခြင်းကြိုးတို့သည် ငါ့ကိုဝိုင်းမိ၍၊ ဖျက်ဆီး တတ်သော ရေစီးခြင်းကြောင့် ငါကြောက်လန့်ရ၏။
Cross References
Nehemiah 9:5တဖန်လေဝိသားယောရှု၊ ကပ်မျေလ၊ ဗာနိ၊ ဟာရှဗနိ၊ ရှေရဘိ၊ ဟောဒိယ၊ ရှေဗနိ၊ ပေသဟိတို့က ထကြလော့။ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် အစဉ်အမြဲ မင်္ဂလာရှိတော်မူစေသတည်းဟု ကောင်း ကြီးပေးကြလော့။ ကောင်းကြီးပေးခြင်း၊ ချီးမွမ်းခြင်း အမျိုးမျိုးထက် ကြီးမြင့်၍ ဘုန်းကြီးသော ကိုယ်တော်၏ နာမသည် မင်္ဂလာရှိပါစေသတည်း။
Psalms 5:2အကျွန်ုပ်၏ရှင်ဘုရင်၊ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကို ဆုတောင်းသည်ဖြစ်၍၊ အကျွန်ုပ်အော်ဟစ်သောအသံကို နားထောင်တော်မူပါ။
Psalms 31:4ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာဖြစ်တော်မူ၏။ ထိုကြောင့် အကျွန်ုပ်အဘို့ ဝှက်ထားသော ကျော့ကွင်းထဲ က အကျွန်ုပ်ကို နှုတ်ယူတော်မူပါ။
Psalms 50:15အမှုရောက်သည်ကာလ၌ ငါ့ကိုပဌနာပြုလော့။ ငါသည် ကယ်လွှတ်မည်။ သင်သည်လည်း ငါ့ကိုချီးမွမ်း လိမ့်မည်ဟု မိန့်တော်မူ၏။
Psalms 62:3သင်တို့သည် အဘယ်မျှကာလပတ်လုံး တယောက်သောသူကို တိုက်ကြမည်နည်း။ သူ့ကို တိမ်းသော အုပ်ရိုး၊ လှုပ်သော ထရံကဲ့သို့ မှတ်၍၊ သင်တို့အပေါင်းသည် အဘယ်မျှကာလပတ်လုံး ဖြိုဖျက် ကြမည်နည်း။
Psalms 65:1အို ဘုရားသခင်၊ ဇိအုန်မြို့၌ ကိုယ်တော်ရှေ့မှာ ငြိမ်ဝပ်စွာ နေ၍ ချီးမွမ်းရပါ၏။ ကိုယ်တော် အားလည်း သစ္စာဝတ်ကို ဖြေရပါ၏။