Psalms 20:2
သန့်ရှင်းရာဌာနတော်ထဲက ကူညီ၍၊ ဇိအုန် တောင်ပေါ်က ထောက်ပင့်တော်မူပါစေသော။
1835 Judson Burmese Bible
In The King James Version
Send thee help from the sanctuary, and strengthen thee out of Zion;
In Context
3ကိုယ်တော်၏ ပူဇော်သက္ကာအလုံးစုံတို့ကို အောက်မေ့၍၊ မီးရှို့သောယဇ်ကို လက်ခံတော်မူပါစေ သော။
Cross References
2 Samuel 5:7သို့ရာတွင် ဒါဝိဒ်သည် ဒါဝိဒ်မြို့တည်းဟူသော ဇိအုန်ရဲတိုက်ကို တိုက်ယူလေ၏။
1 Kings 6:16အလွန်သန့်ရှင်းရာဌာန၊ ဗျာဒိတ်ဌာနတော် အဘို့ အလျားအနံအတောင်နှစ်ဆယ်စီကျယ်သော အိမ်တော်တပိုင်းကို အခန်းကာ၍ ကြမ်းနှင့်ထရံကို အာရဇ်ပျဉ်ပြားဖြင့် ပြီးစေ၏။
2 Chronicles 20:8သူတို့သည် နေရာကျ၍၊ နာမတော်အဘို့ သန့်ရှင်းရာ ဌာနတော်ကို တည်ဆောက်ကြသောအခါ၊
Psalms 54:3အကြောင်းမူကား၊ တကျွန်းတနိုင်ငံသားတို့သည် အကျွန်ုပ်ကို ရန်ဘက်ပြု၍ထကြပါပြီ။ ကြမ်းတမ်းသော သူတို့သည် အကျွန်ုပ်အသက်ကို ရှာကြပါ၏။ ဘုရားသခင် ၏ မျက်နှာတော်ကို မထောက်ကြပါ။
Proverbs 18:10ထာဝရဘုရား၏နာမတော်သည် ခိုင်ခံ့သော ရဲတိုက်ဖြစ်၍၊ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့်၊ လုံခြုံစွာနေရကြ၏။
Isaiah 14:32တပြည်တနိုင်မှ ရောက်လာသော သံတမန်တို့ အား အဘယ်သို့ ပြန်ပြောရမည်နည်း ဟူမူကား၊ ထာဝရဘုရားသည် ဇိအုန်မြို့ကို တည်ထောင်တော်မူ သည်ဖြစ်၍၊ ကိုယ်တော်၏ ဆင်းရဲသားတို့သည် ထိုမြို့၌ ကိုးစားကြ၏။