Psalms 21:7
အကြောင်း မူကား၊ မင်းကြီး သည် ထာဝရဘုရား ကို ကိုးစား ၍ ၊ အမြင့်ဆုံး သောဘုရား၏ကရုဏာ တော်ကြောင့် တည်ကြည် တတ်ပါ၏။
မြန်မာကျမ်းစာ
In The King James Version
For the king trusteth in the LORD, and through the mercy of the most High he shall not be moved.
In Context
6ကိုယ်တော် သည် သူ့ ကိုထာဝရ မင်္ဂလာ အရာ၌ ခန့်ထား ၍ ၊ မျက်နှာ တော်အားဖြင့် အလွန် ဝမ်းမြောက် စေ တော်မူ၏။
Cross References
1 Samuel 30:6ဒါဝိဒ် သည် အလွန် စိတ်ငြိုငြင် ဆင်းရဲ၏။ လူ များတို့သည် မိမိ တို့ သား သမီး များကြောင့် စိတ် ညှိုးငယ် သဖြင့် ၊ ဒါဝိဒ်ကို ကျောက်ခဲနှင့် ပစ် ကြမည်ဟု ဆို ကြ၏။ ဒါဝိဒ် မူကား မိမိ ဘုရား သခင်ထာဝရဘုရား ကို ကိုးစား လျက်နေ၍၊
Psalms 13:5အကျွန်ုပ် သည် ကရုဏာ တော်ကို ယုံကြည် ပါ၏။ ကယ်တင် တော်မူခြင်းအရာ၌ နှလုံး ရွှင်လန်း ပါလိမ့်မည်။
Psalms 18:2ထာဝရဘုရား သည် ငါ ၏ကျောက် ၊ ငါ ၏မြို့ရိုး ၊ ငါ့ ကိုကယ် လွှတ်သောသခင်၊ ငါ ၏ဘုရား ၊ ငါကိုးစား သော အစွမ်း သတ္တိ၊ ငါ ၏ အကွယ် အကာ၊ ငါ့ ကိုကယ်တင် သော ဦးချို ၊ ငါ ၏ရဲတိုက် ဖြစ်တော်မူ၏။
Psalms 26:1အိုထာဝရဘုရား ၊ အကျွန်ုပ် သည် ဖြောင့်မတ် ခြင်းလမ်းသို့ လိုက် သောကြောင့် ၊ အကျွန်ုပ် ဘက်၌ တရား စီရင် တော်မူပါ။ အကျွန်ုပ်သည် ထာဝရဘုရား ကို ခိုလှုံ ၍ ၊ ရွေ့လျား ခြင်းနှင့် ကင်းလွတ် ပါလိမ့်မည်။
Psalms 61:4တဲ တော်၌ အစဉ် နေ ပါမည်။ အတောင် တော်ဖုံးအုပ် ရာ၌ ခိုလှုံ ပါမည်။
Psalms 72:17နာမတော် သည် အစဉ် အမြဲတည် လိမ့်မည်။ နေ သည် တည်သမျှသောကာလ ပတ်လုံး နာမ တော်တိုးပွား လိမ့်မည်။ ကျေးဇူး တော်အားဖြင့် လူမျိုး အပေါင်း တို့သည် ကောင်းကြီး မင်္ဂလာကိုခံရကြ၏၊ မင်္ဂလာရှိတော်မူသည်ဟု ချီးမွမ်းကြလိမ့်မည်။