Psalms 26:7
အံဩဘွယ်သော အမှုတော်အလုံးစုံတို့ကို ကြား ပြောခြင်းငှါ၊ အကျွန်ုပ်သည် ကိုယ်လက်ကို အပြစ် ကင်းခြင်းနှင့်ဆေး၍၊ ယဇ်ပလ္လင်တော်ကို ဝန်းရံလျက် နေပါသည်၊ ထာဝရဘုရား။
1835 Judson Burmese Bible
In The King James Version
That I may publish with the voice of thanksgiving, and tell of all thy wondrous works.
In Context
6ကျေးဇူးတော်ကို ချီးမြှောက်သောအသံနှင့် မြွက်ဆို၍၊
Cross References
1 Samuel 1:24နို့ကွာပြီးမှ၊ အသက်သုံးနှစ်ရှိသော နွားတကောင်၊ မုန့်ညက် တဧဖာ၊ စပျစ်ရည်တဘူးနှင့်တကွ သူငယ်ကို ဆောင်သွား၍၊ ရှိလောမြို့၌ ထာဝရဘုရား၏ အိမ်တော်သို့ ရောက်လေ၏။ ထိုအခါ သူငယ်သည် အသက်နုသေး၏။
1 Chronicles 16:24ဘုန်းတော်ကို တပါးအမျိုးသားတို့၌၎င်း၊ အံ့ဘွယ်သော အမှုတော်တို့ကို ခပ်သိမ်းသော လူမျိုးတို့၌ ၎င်း ဘော်ပြကြလော့။
Psalms 9:1အိုထာဝရဘုရား၊ အကျွန်ုပ်သည် စိတ်နှလုံး အကြွင်းမဲ့ကိုယ်တော်ကို ချီးမွမ်းပါမည်။ အံ့ဘွယ်သော အမှုတော်ရှိသမျှတို့ကို ပြညွှန်ပါမည်။
Psalms 9:14သို့ဖြစ်၍ ဂုဏ်ကျေးဇူးတော်အပေါင်းကို ဇိအုန် မြို့တံခါးဝမှာ အကျွန်ုပ်ပြညွှန်ပါမည်။ ကယ်တင်တော် မူခြင်းကျေးဇူးကို အမှီပြု၍ ဝမ်းမြောက်ပါမည်။
Psalms 71:17အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်ကို ငယ်သောအရွယ်မှစ၍ သွန်သင်တော်မူပါပြီ။ ယခုတိုင် အောင် အံ့ဘွယ်သော အမှုတော်တို့ကို အကျွန်ုပ်ပြပါပြီ။
Psalms 95:2ကျေးဇူးတော်ကို ချီးမွမ်းလျက် ရှေ့တော်သို့ ဝင်၍၊ ဆာလံသီချင်းဆိုလျက် ကျူးဧသော အသံကို ပြုကြ ကုန်အံ့။