Psalms 27:13
အကယ်စင်စစ် အသက်ရှင်သောသူတို့၏ နေရာတွင်၊ ထာဝရဘုရား၏ ကျေးဇူးတော်ကို ငါတွေ့မြင် ပြီဟု ယုံမှတ်စွဲလမ်းခြင်းရှိ၏။
1835 Judson Burmese Bible
In The King James Version
I had fainted, unless I had believed to see the goodness of the LORD in the land of the living.
In Context
14ထာဝရဘုရားကို မြော်လင့်လော့။ အားယူ၍ ရဲရင့်သော စိတ်နှလုံးရှိလော့။ ထာဝရဘုရားကို မြော်လင့် လျက်နေလော့။
Cross References
Job 28:13ဉာဏ်ပညာအဘိုးကို လူမသိနိုင်။ အသက်ရှင် သော သူတို့၏ နေရာ၌ရှာ၍မတွေ့နိုင်။
Psalms 31:19ကိုယ်တော်ကို ကြောက်ရွံ့သော သူတို့အဘို့ သိုထားတော်မူ၍၊ လူသားတို့ရှေ့မှာ ကိုယ်တော်ကို ခိုလှုံ သော သူတို့အဘို့ ပြုပြင်တော်မူသော ဆုကျေးဇူးတော် သည် အလွန်ကြီးလှပါ၏။
Psalms 52:5အကယ်စင်စစ် ဘုရားသခင်သည် သင့်ကို အစဉ်အမြဲ ချိုးဖျက်ပယ်ရှင်းလျက်၊ သင်၏နေရာထဲက နှင်ထုတ်၍၊ အသက်ရှင်သောသူတို့၏ နေရာထဲက နှုတ်ပစ်တော်မူမည်။
Psalms 56:13ကိုယ်တော်သည် အကျွန်ုပ်အသက်ကို သေခြင်း မှ ကယ်လွှတ်တော်မူပြီ။ အသက်ရှင်သောသူတို့၏ အလင်း ထဲမှာဘုရားသခင့်ရှေ့တော်၌ အကျွန်ုပ်ကျင့်နေပါမည် အကြောင်း၊ အကျွန်ုပ်ခြေကိုလည်း ထိမိ၍လဲခြင်းမှ ကယ်လွှတ်တော်မူမည်မဟုတ်လော။
Psalms 142:5အိုထာဝရဘုရား၊ ကိုယ်တော်ကိုအော်ဟစ်ပါ၏။ အသက်ရှင်သောသူတို့၏ နေရာ၌ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ၊ အကျွန်ုပ်ခံစားရာအဘို့ ဖြစ်တော်မူ၏။
Isaiah 38:11အသက်ရှင်သော သူတို့၏ နေရာ၌၊ ထာဝရ ဘုရားကို ငါမမြင်ရ။ ငြိမ်းရာအရပ်သားတို့နှင့် ပေါင်း ဘော်ရသဖြင့်၊ နောက်တဖန် လူတို့ကို မမြင်ရ။