Psalms 27:5
အကြောင်းမူကား၊ ဘေးအန္တရာယ်ရောက်သည့် ကာလ၊ တဲတော်တွင် ငါ့ကို ကိုးကွယ်တော်မူမည်။ ဗိမာန် တော်အတွင်းအရပ်၌၊ ငါ့ကို ဝှက်ထားတော်မူမည်။ ကျောက်ပေါ်မှာလည်း ငါ့ကိုတင်ထားတော်မူမည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
2 Chronicles 22:12ခြောက်နှစ်ပတ်လုံး ယောရှသည် သူတို့နှင့်အတူ၊ ဗိမာန်တော်၌ ပုန်းရှောင်လျက်နေ၍ အာသလိသည် စိုးစံလေ၏။
Psalms 10:1အိုထာဝရဘုရား။ ကိုယ်တော်သည် အဘယ် ကြောင့် ဝေးဝေးရပ်၍နေတော်မူသနည်း။ ဘေးအန္တရာယ် ရောက်သည်ကာလ အဘယ်ကြောင့် ပုန်းကွယ်၍ နေတော်မူသနည်း။
Psalms 18:33ငါ့ခြေကို သမင်ခြေကဲ့သို့ လျင်မြန်စေ၍၊ ငါ၏ မြင့်ရာအရပ်ပေါ်မှာ ငါ့ကိုတင်ထားတော်မူ၏။
Psalms 31:21ထာဝရဘုရား၌ မင်္ဂလာဖြစ်စေသတည်း။ အကြောင်းမူကား၊ ခိုင်ခံသောမြို့၌ အံဘွယ်သောမေတ္တာ ကရုဏာတော်ကို အကျွန်ုပ်အား ထင်ရှားပြတော်မူပြီ။
Psalms 32:7ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော် မူ၏။ အကျွန်ုပ်ကို ဘေးလွှတ်စေခြင်းငှါ ကွယ်ကာ စောင့်မတော်မူ၏။ ကယ်လွှတ်ကြောင်းကို ဆိုသောသီချင်း နှင့် အကျွန်ုပ်ကို ခြံရံစေတော်မူ၏။
Psalms 40:3ထိုသို့ငါတို့ဘုရားသခင်ကို ချီးမွမ်းရာသီချင်း သစ်ကို ငါမြွက်ဆိုစေခြင်းငှါ အခွင့်ပေးတော်မူ၏။ လူများ တို့သည် သိမြင်၍ ကြောက်ရွံ့သောစိတ် နှင့်ထာဝရဘုရား ကို ကိုးစားကြလိမ့်မည်း။