Psalms 28:1
အကျွန်ုပ်၏ ကျောက်ဖြစ်တော်မူသော ထာဝရ ဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏။ မထူးဘဲ နေတော်မမူပါနှင့်။ မထူးဘဲနေတော်မူလျှင်၊ အကျွန်ုပ် သည် သင်္ချိုင်းတွင်းထဲသို့ ဆင်းသောသူ ကဲ့သို့ဖြစ်ရ ပါမည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Psalms 3:4ငါသည် ထာဝရဘုရားထံသို့ အသံကိုလွှင့်၍ အော်ဟစ်သောအခါ၊ သန့်ရှင်းသော တောင်တော်ပေါ်မှာ နားထောင်တော်မူ၏။
Psalms 18:2ထာဝရဘုရားသည် ငါ၏ကျောက်၊ ငါ၏မြို့ရိုး၊ ငါ့ကိုကယ်လွှတ်သောသခင်၊ ငါ၏ဘုရား၊ ငါကိုးစားသော အစွမ်းသတ္တိ၊ ငါ၏ အကွယ်အကာ၊ ငါ့ကိုကယ်တင်သော ဦးချို၊ ငါ၏ရဲတိုက်ဖြစ်တော်မူ၏။
Psalms 30:4ထာဝရဘုရား၏ သန့်ရှင်းသူတို့၊ ထာဝရဘုရား ကို ထောမနာသီချင်းဆိုကြလော့။ သန့်ရှင်းသောနာမ တော်ကို ချီးမွမ်းကြလော့။
Psalms 35:22အိုထာဝရဘုရား၊ ကိုယ်တော်သည် သိမြင်တော် မူ၏။ အိုဘုရားရှင်၊ တိတ်ဆိတ်စွာ နေတော်မမူပါနှင့်။ အကျွန်ုပ်နှင့်ဝေးဝေးနေတော်မမူပါနှင့်။
Psalms 42:9အကျွန်ုပ်ကိုအဘယ်ကြောင့် မေ့လျော့တော်မူ သနည်း။ ရန်သူညှဉ်းဆဲနှိပ်စက်ခြင်းကို ခံရ၍၊ အကျွန်ုပ် သည် ကြမ်းတမ်းသောအဝတ်ကို ဝတ်လျက် အဘယ် ကြောင့် နေရပါသနည်းဟု ငါ၏ကျောက်ဖြစ်သော ဘုရား သခင်ကို ငါလျှောက်ရ၏။
Psalms 77:1ငါသည် ဘုရားသခင့်ထံသို့ အသံကို လွှင့်၍ အော် ဟစ်၏။ ဘုရားသခင့်ထံသို့ အသံကိုလွှင့်၍ ဘုရားသခင်သည် ငါ့စကားကို နားထောင်တော်မူလိမ့်မည်။