Psalms 28:8
ထာဝရဘုရားသည် မိမိလူစု၏ ခွန်အားဗလ ဖြစ်တော်မူ၏။ အထံတော်၌ ဘိသိတ်ခံသောသူ၏ ကယ်တင်ခြင်းအကြောင်းကို ခိုင်ခံ့မြဲမြံစေတော်မူ၏။
1835 Judson Burmese Bible
In The King James Version
The LORD is their strength, and he is the saving strength of his anointed.
In Context
Cross References
1 Samuel 16:13ရှမွေလသည်လည်း၊ ဆီဘူးကိုယူ၍ သူ၏ အစ်ကိုစုထဲမှာ သူ့ကို ဘိသိက်ပေးလေ၏။ ထိုနေ့မှစ၍ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ်မှာ သက်ရောက်လေ၏။ ရှမွေသည် ထ၍ ရာမ မြို့သို့ ပြန်သွား၏။
Psalms 20:6ထာဝရဘုရားပေးတော်မူ၍ ဘိသိက်ခံသောသူ အား၊ ကယ်တင်တော်မူကြောင်းကို၎င်း၊ လက်ျာလက်တော် ကယ်တင်ခြင်း အစွန်းနှင့် ထိုသူ၏ စကားကိုသန့်ရှင်း သော ကောင်းကင်ပေါ်မှာ နားထောင်တော်မူကြောင်းကို၎င်း ယခုငါသိ၏။
Psalms 140:7အိုဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ ကယ်တင်ခြင်းအစွမ်းသတ္တိဖြစ်တော်မူ၏။ စစ်တိုက်ရသောနေ့၌ အကျွန်ုပ် ၏ဦးခေါင်းကို ဖုံးအုပ် တော်မူ၏။