Psalms 31:22
အကျွန်ုပ်သည် ကိုယ်တော်၏မျက်နှာကွယ်ရာ၌ ဆုံးရှုံးပါပြီဟု အကျွန်ုပ်တုတ်လှုပ်လျက် ဆိုမိသော်လည်း၊ ကိုယ်တော်ကိုအော်ဟစ်သောအခါ အကျွန်ုပ်ပြုသော ပဌနာစကားသံကိုကိုယ်တော်နားထောင်တော်မူသတည်း။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
1 Samuel 23:26ရှောလုသည် တောင်တဘက်၌၎င်း၊ ဒါဝိဒ်နှင့် သူ၏လူတို့သည် တဘက်၌၎င်း၊ သွားကြ၍ ရှောလုကို ကြောက်သဖြင့်၊ လွတ်အောင်ကြိုးစားစဉ်တွင်၊ ရှောလုနှင့် သူ၏လူတို့သည် ဒါဝိဒ်နှင့် သူ၏လူတို့ကို ဝိုင်း၍ ဘမ်းမိလုကြပြီ။
1 Samuel 27:1တဖန်ဒါဝိဒ်က၊ ငါသည် ရှောလုလက်ဖြင့် ဆုံးရှုံးရသော အချိန်ရောက်လိမ့်မည်။ သို့ဖြစ်၍ ဖိလိတ္တိပြည်သို့ အလျင်အမြန် ပြေးကောင်း၏။ သည်ထက်ကောင်းသော အရာမရှိ။ သို့ပြုလျှင် ရှောလုသည် ဣသရေလပြည်နယ်တွင် ငါ့ကို ရှာ၍မတွေ့နိုင်ကြောင်းကို သိလျက်၊ အားလျော့၍ သူ့လက်မှ ငါလွတ်လိမ့်မည်ဟု အကြံရှိသည်အတိုင်း၊
Job 35:14ဘုရားသခင်ကို မတွေ့မမြင်ရဟု သင်ဆိုသော်လည်း၊ တရားသဖြင့် စီရင်တော်မူသောကြောင့် မြော်လင့် လျက်နေလော့။
Psalms 17:7ကိုယ်တော်ကို ခိုလှုံသောသူတို့ကို သူပုန်တို့လက် မှ၊ လက်ျာလက်တော်အားဖြင့် ကယ်နှုတ်တော်မူသော ဘုရား၊ ထူးဆန်းသော မေတ္တာကျေးဇူးတော်ကို ပြတော် မူပါ။
Psalms 66:20ငါမြွက်ဆိုသော ပဌနာကို ပယ်တော်မမူ။ ကျေးဇူးတော်ကို ငါမှ ရုပ်သိမ်းတော်မမူသော ဘုရားသခင် သည် မင်္ဂလာရှိတော်မူစေသတည်း။
Psalms 116:11လူအပေါင်းတို့သည် မုသာကို သုံးတတ်ကြ၏ဟု သတိလစ်လျက် ပြောမိ၏။