Psalms 33:14
ကျိန်းဝပ်တော်မူရာ အရပ်က ကြည့်ရှု၍၊ မြေကြီးပေါ်မှာနေသော သတ္တဝါအပေါင်းတို့ကို မှတ် တော်မူ၏။
1835 Judson Burmese Bible
In The King James Version
From the place of his habitation he looketh upon all the inhabitants of the earth.
In Context
13ထာဝရဘုရားသည် ကောင်းကင်ဘုံက ကြည့်ရှု ၍၊ လူသားအပေါင်းတို့ကို မြင်တော်မူ၏။
15သူတို့၏ စိတ်နှလုံးရှိသမျှတို့ကို ဖန်ဆင်း၍၊ သူတို့ကျင့်သမျှသော အကျင့်တို့ကိုလည်း ဆင်ခြင်တော် မူ၏။
Cross References
1 Kings 8:30ကိုယ်တော်ကျွန်မှစ၍ ကိုယ်တော်၏လူ ဣသ ရေလအမျိုးသားတို့သည် ဤအရပ်ဌာန၌ ဆုတောင်း ပဌနာပြုကြသောအခါ၊ ကျိန်းဝပ်တော်မူရာ ကောင်းကင် ဘုံ၌နားထောင်၍ အပြစ်မှလွှတ်တော်မူပါ။
1 Kings 8:43ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နား ထောင်တော်မူပါ။ ကိုယ်တော်၏လူဣသရေလ အမျိုးသားတို့သည် ကိုယ်တော်ကို ကြောက်ရွံ့သကဲ့သို့ မြေကြီးသားအပေါင်းတို့သည် ကြောက်ရွံ့လျက်၊ နာမ တော်ကို သိစေခြင်းငှါ၎င်း၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်တော်ကို နာမတော်ဖြင့် သမုတ်ကြောင်းကို သိစေ ခြင်းငှါ၎င်း၊ ထိုတပါးအမျိုးသားတို့သည် ဆုတောင်းသမျှအတိုင်း ကျေးဇူးပြုတော်မူပါ။
Psalms 113:6ကိုယ်ကိုနှိမ့်ချ၍ ကောင်းကင်အရာနှင့် မြေကြီး အရာတို့ကို ကြည့်ရှုတော်မူသော ငါတို့၏ ဘုရားသခင် ထာဝရဘုရားနှင့် အဘယ်သူ တူသနည်း။
Isaiah 57:15အကြောင်းမူကား၊ သန့်ရှင်းခြင်းဟု နာမရှိတော် မူထသော၊ အနန္တကာလတည်းဟူသော ဘုံဗိမာန်၌ စံတော်မူထသော၊ အထွဋ်အမြတ်ဖြစ်တော်မူသော ဘုရားမိန့်တော်မူသည်ကား၊ ငါသည် မြင့်မြတ်သန့်ရှင်း သော အရပ်၌နေ၏။ စိတ်နှိမ့်ချသောသူနှင့်၊ နှလုံးကြေကွဲ သော သူတို့၏စိတ်ဝိညာဉ်အသက်ရှင်စေခြင်းငှါ၊ ကြေကွဲ နှိမ့်ချသော စိတ်သဘောရှိသောသူတို့၌လည်း ငါနေ၏။
Jeremiah 32:19ထူးဆန်းသော အကြံကိုကြံ၍၊ ထူးဆန်းသော အမှုကို စီရင်တော်မူလျက်၊ လူအသီးအသီးတို့ ကျင့်ကြံ ပြုမူသည် အတိုင်းအကျိုးအပြစ်ကို ပေးခြင်းငှါ၊ လူသား များ သွားလာသော လမ်းအလုံးစုံတို့ကို အစဉ်ကြည့်ရှု လျက်နေတော်မူ၏။
Luke 11:2ကိုယ်တော်က၊ သင်တို့သည်ဆုတောင်းလျှင် မြွက်ဆိုရမည်မှာ၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော။ နိုင်ငံတော် တည်ထောင် ပါစေသော။