Psalms 34:9
ထာဝရဘုရား၏ သန့်ရှင်းသူတို့၊ ထာဝရဘုရား ကို ကြောက်ရွံ့ကြလော့။ ကြောက်ရွံ့သောသူတို့၌ ဆင်းရဲ ခြင်းမရှိရာ။
1835 Judson Burmese Bible
In The King James Version
O fear the LORD, ye his saints: for there is no want to them that fear him.
In Context
Cross References
Genesis 22:12ထိုလုလင်ကို မထိမခိုက်နှင့်။ အလျှင်းမပြုနှင့်။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သည်ဟု ယခု ငါသိ ၏။ အကြောင်းမူကား၊ သင်၏သား သင်၌တယောက် တည်းသောသားကိုငါတောင်း၍ သင်သည် ငါ့ကိုမငြင်းဟု မိန့်တော်မူ၏။
Psalms 22:23ထာဝရဘုရားကို ကြောက်ရွံ့သော အချင်းတို့၊ ချီးမွမ်းခြင်းကို ပြုကြလော့။ ယာကုပ်အမျိုးအပေါင်းတို့၊ ဂုဏ်ကျေးဇူးတော်ကို ဘော်ပြကြပါလော့။ ဣသရေလ အမျိုးအပေါင်းတို့၊ ကိုယ်တော်ကို ကြောက်ရွံ့ကြလော့။
Psalms 31:23ထာဝရဘုရား၏ သန့်ရှင်းသူအပေါင်းတို့၊ ထာဝရဘုရားကိုချစ်ကြလော့။ ထာဝရဘုရားသည် သစ္စာ ရှိသောသူတို့ကို စောင့်မတော်မူ၏။ မာနထောင်လွှား သောသူတို့ကိုကား၊ အပြစ်များစွာဆပ်ပေးတော်မူ သတည်း။
Isaiah 8:13ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားကို ရိုသေခြင်းရှိကြလော့။ ထိုဘုရားကိုသာ ကြောက်ရွံ့ခြင်း၊ ထိန့်လန့်ခြင်းရှိကြလော့။
Luke 12:30ထိုအရာများကို လောကီသားအမျိုးမျိုးတို့သည် ရှာဖွေတတ်ကြ၏။ ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို သင်တို့အဘ သိတော်မူ၏။
1 Corinthians 3:22ပေါလုဖြစ်စေ၊ အာပေါလုဖြစ်စေ၊ ကေဖဖြစ်စေ၊ ဤလောကဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ သေခြင်း ဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောက်လာလတံ့သော အရာဖြစ်စေ၊ ခပ်သိမ်းသော အရာတို့သည် သင်တို့အဘို့ ဖြစ်ကြ၏။