Psalms 37:11
စိတ်နှိမ့်ချသောသူတို့မူကား၊ ပြည်တော်ကို အမွေခံ၍၊ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြ လိမ့်မည်။
1835 Judson Burmese Bible
In The King James Version
But the meek shall inherit the earth; and shall delight themselves in the abundance of peace.
In Context
10ခဏကြာပြီးမှ၊ မတရားသောသူသည်မရှိရ။ သူ၏နေရာကိုစေ့စေ့ရှာ၍မတွေ့ရ။
12မတရားသောသူသည် ဖြောင့်မတ်သော သူတဘက်၌ ကြံစည်၍ အံသွားခဲကြိတ်တတ်၏။
Cross References
Deuteronomy 5:33သင်တို့ ဝင်စားလတံ့သောပြည်၌ သင်တို့သည် သေဘေးလွတ်လျက် ချမ်းသာရ၍၊ အသက်တာရှည်မည် အကြောင်း၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသော လမ်းအပေါင်းတို့၌ ရှောက်သွား ရကြမည်။
Psalms 36:8အိမ်တော်၏ကြွယ်ဝခြင်းနှင့် ရောင့်ရဲလျက် နေ၍၊ ကိုယ်တော်၏ချမ်းသာမြစ်ရေကို သောက်စေခြင်း ငှါ အခွင့်ပေးတော်မူ၏။
Psalms 119:165တရားတော်ကို နှစ်သက်သော သူတို့၌ ကြီးစွာ သော ငြိမ်ဝပ်ခြင်း ရှိပါ၏။ သူတို့စိတ်ပျက်စရာအကြောင်း မရှိပါ။
Isaiah 48:18သင်သည် ငါ၏ပညတ်တို့ကို စောင့်ရှောက်ပါ စေသော။ သို့ပြုလျှင်၊ သင်၏ချမ်းသာသည် မြစ်ကဲ့သို့၎င်း၊ သင်၏ဖြောင့်မတ်ခြင်းပါရမီသည် သမုဒ္ဒရာလှိုင်းတံပိုး ကဲ့သို့၎င်း ဖြစ်ရလိမ့်မည်။
Isaiah 57:18သူ၏အကျင့်ဓလေ့တို့ကို ငါမြင်ပြီ။ သူ့ကို အနာ ပျောက်စေ၍ လမ်းပြဦးမည်။ သူ့ကို၎င်း၊ သူနှင့်အတူ စိတ်ညှိုးငယ်သော သူတို့ကို၎င်း၊ ချမ်းသာပေးဦးမည်။
John 14:27ငြိမ်သက်ခြင်းကို သင်တို့၌ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ ပေးသကဲ့သို့ ငါပေးသည်မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်းမရှိစေနှင့်။