Psalms 37:40
ထာဝရဘုရားသည် သူတို့ကို မစကယ်တင်တော် မူမည်။ ယုံကြည်ခိုလှုံသောကြောင့်၊ မတရားသောသူတို့ လက်မှ နှုတ်ယူကယ်တင်တော်မူမည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Psalms 17:13အိုထာဝရဘုရား၊ ထတော်မူပါ။ သူတို့ကို ဆီးတား၍ လှဲချတော်မူပါ။မတရားသောသူတို့လက်မှ အကျွန်ုပ်အသက်ကို ထားတော်ဖြင့် ကယ်လွှတ်တော်မူပါ။
Psalms 27:2ငါ့ကိုအငြိုးထားသော ရန်သူလူဆိုးတို့သည်၊ ငါ့အသားကို ကိုက်စားမည်ဟု လာကြသောအခါ၊ ခြေ တိုက်မိ၍ လဲကြ၏။
Proverbs 20:22ငါသည်ရန်တုံ့ပြုမည်ဟု မဆိုနှင့်၊ ထာဝရ ဘုရားကို ငံ့လင့်လော့။ သို့ပြုလျှင် ကယ်တင်တော်မူ လိမ့်မည်။
Isaiah 46:4သင်တို့အသက်ကြီး၍ ဆံပင်ဖြူသည်တိုင် အောင်၊ ငါသည် ထိုသို့သော သူဖြစ်၍၊ သင်တို့ကို ဆောင် ရွက်မည်။ ငါပြုခဲ့ပြီးသည်အတိုင်း ထမ်းဦးမည်။ ဆောင် ရွက်၍ ကယ်တင်မည်။
Daniel 3:28နေဗုခဒ်နေဇာ မင်းကြီးကလည်း၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၏ ဘုရားသခင်သည် မင်္ဂလာ ရှိတော်မူစေသတည်း။ မိမိတို့ဘုရားမှတပါး၊ အခြားသော ဘုရားကိုဝတ်ပြုကိုးကွယ်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ ဘုရားသခင်ကို ယုံကြည်ကိုးစား၍ မင်းကြီးအမိန့်တော်ကို ဆန်လျက်၊ မိမိတို့ကိုယ်ကိုပင် အပ်နှံသော ကျွန်တော်ရင်း တို့ရှိရာသို့၊ ထိုဘုရားသခင်သည် ကောင်းကင်တမန်ကို စေလွှတ်၍ ကယ်တင်တော်မူပြီ။
1 John 2:13အဘတို့၊ သင်တို့သည် ရှေ့ဦးစွာကပင် ရှိတော်မူသောသူကိုသိသောကြောင့်၊ သင်တို့အားငါရေး၍ ပေးလိုက်၏။ လူပျိုတို့၊ သင်တို့သည် မာရ်နတ်ကိုအောင်သောကြောင့်၊ သင်တို့အားငါရေး၍ ပေးလိုက်၏။ သူငယ်တို့၊ သင်တို့သည် ခမည်းတော်ကိုသိသောကြောင့်၊ သင်တို့အား ငါရေး၍ပေးလိုက်၏။