Psalms 38:19
အကျွန်ုပ်၏ ရန်သူတို့ကား၊ ကျန်းမာလျက်၊ ခွန်အားကြီးလျက်ရှိ ကြပါ၏။ အကျွန်ုပ်ကို မဟုတ်မှန်ဘဲ မုန်းသောသူတို့ကား၊ များပြားကြပါ၏။
1835 Judson Burmese Bible
In The King James Version
But mine enemies are lively, and they are strong: and they that hate me wrongfully are multiplied.
In Context
18ကိုယ်အပြစ်ကိုဘော်ပြပါ၏။ ပြစ်မှားမိသော ကြောင့် စိတ်ပူပန်ခြင်းရှိပါ၏။
Cross References
Psalms 18:17ငါ့ကိုမုန်းသောသူတည်းဟူသော ငါပြိုင်၍မနိုင် နိုင်အောင် ခွန်အားကြီးသော ရန်သူတို့လက်မှ ငါ့ကို ကယ်လွှတ်တော်မူ၏။
Psalms 32:5တဖန်အကျွန်ုပ်သည် ကိုယ်အပြစ်ကိုရှေ့တော်၌ ဝန်ချပါ၏။ ပြု မိသောဒုစရိုက်ကို ဝှက်၍မထားပါ။ ငါလွန်ကျူးသောအရာကို ထာဝရဘုရားအား ဘော်ပြ တောင်းပန်မည်ဟုပြောဆိုသောအခါ၊ ကိုယ်တော်သည် အကျွန်ုပ်ပြစ်မှားခြင်းအပြစ်ကို လွှတ်တော်မူ၏။
Psalms 56:1အိုဘုရားသခင်၊ အကျွန်ုပ်ကို သနားတော်မူပါ။ လူတို့သည် ကိုက်စားအံ့သော ဒေါသနှင့်နေ့တိုင်းတိုက်၍ အကျွန်ုပ်ကို နှိပ်စက်ကြပါ ၏။
Psalms 69:4အကြောင်းမရှိဘဲ အကျွန်ုပ်ကို မုန်းသောသူတို့သည် အကျွန်ုပ်၏ဆံပင်ထက်များကြပါ၏။ မဟုတ်မမှန် ဘဲ အကျွန်ုပ်ကို ရန်ဘက်ပြု၍ ဖျက်ဆီးသော သူတို့သည် ခွန်အားကြီးကြပါ၏။ ထိုအခါ အကျွန်ုပ်သည် မယူသော ဥစ္စာကိုပင် ပြန်ပေးရပါ၏။
John 15:18လောကီသားတို့သည် သင်တို့ကိုမုန်းလျှင်၊ သင်တို့ကို မမုန်းမှီ ငါ့ကိုမုန်းကြသည်ကို သိမှတ်ကြလော့။