Psalms 40:17
အကျွန်ုပ်မူကား၊ ဆင်းရဲငတ်မွတ်သော်လည်း၊ ထာဝရဘုရား သည် အကျွန်ုပ်ကို အောက်မေ့တော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို မစသောသူ၊ ကယ်တင် သောသူဖြစ်တော်မူ၏။ အကျွန်ုပ်၏ ဘုရားသခင်၊ ဆိုင်းလင့်တော်မမူပါနှင့်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Psalms 34:6ဤဆင်းရဲသောသူ၏ အော်ဟစ်ခြင်းအသံကို ထာဝရဘုရားသည် နားထောင်၍၊ ခပ်သိမ်းသောဆင်းရဲ ထဲက ကယ်လွှတ်တော်မူ၏။
Psalms 40:5အကျွန်ုပ်၏ ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်တို့အဘို့ ပြုတော်မူသော အံ့ဩဘွယ်အမှုတို့နှင့် ကြံစည်တော်မူသော အကြံအစည်တို့သည် များလှပါ၏။ ရှေ့တော်၌ အစဉ်အတိုင်းလျှောက်၍ မကုန်နိုင်ပါ။ အကျွန်ုပ်ထုတ်ဘော်ကြားပြောမည်ဟုဆိုသော်၊ ရေတွက် ၍ မကုန်နိုင်အောင် များလှပါ၏။
Psalms 69:33ထာဝရဘုရားသည် ဆင်းရဲသောသူတို့၏စကားကို နားထောင်တော်မူ၏။ အချုပ်ခံရသော မိမိလူတို့ကို မထီမဲ့မြင် ပြုတော်မမူတတ်။
Psalms 86:1အိုထာဝရဘုရား၊ နားတော်ကိုလှည့်၍ အကျွန်ုပ် စကားကို နားထောင်တော်မူပါ။ အကျွန်ုပ်သည် ဆင်းရဲ ငတ်မွတ်ပါ၏။
Psalms 143:7အိုထာဝရဘုရား၊ အလျင်အမြန် နားထောင် တော်မူပါ။ အကျွန်ုပ်သည် စိတ်ပျက်ပါပြီ။ မျက်နှာလွှဲ တော်မူသဖြင့်၊ တွင်းထဲသို့ဆင်းသောသူကဲ့သို့ အကျွန်ုပ်ကို ဖြစ်စေတော်မမူပါနှင့်။
Isaiah 41:17ဆင်းရဲသောသူနှင့် ငတ်မွတ်သော သူတို့သည် ရေကိုရှာ၍ မတွေ့၊ ရေငတ်၍ လျှာ သွေ့ခြောက်သော အခါ၊ ငါထာဝရဘုရားသည် သူတို့ စကားကို နားထောင် မည်။ ဣသရေလအမျိုး၏ ဘုရားသခင်ဖြစ်သော ငါသည် သူတို့ကို မစွန့်။