Psalms 40:2
ပျက်စီးရာတွင်းနှင့် အလွန်ဆိုးသောရွှံ့ထဲကငါ့ကို ဆယ်နှုတ်ပြီးလျှင် ငါ့ခြေတို့ကို ကျောက်ပေါ်မှာတင်၍ ငါခြေရာတို့ကို တည်စေတော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
1ငါသည် ထာဝရဘုရားကို စေ့စေ့မြော်လင့်သည် ကာလ၊ ငါ့ကို မျက်နှာပြု၍ ငါအော်ဟစ်သောအသံကို ကြားတော်မူ၏။
Cross References
Psalms 17:5လမ်းခရီးတော်၌ အကျွန်ုပ်သွားစဉ်တွင် ခြေ မချော်စေခြင်းငှါ ထောက်မတော်မူပါ။
Psalms 18:16ထာဝရဘုရားသည် အထက်အရပ်က လက် တော်ကို ဆန့်၍၊ တခဲနက်သောရေထဲက ငါ့ကို ဆယ်ယူ တော်မူ၏။
Psalms 27:5အကြောင်းမူကား၊ ဘေးအန္တရာယ်ရောက်သည့် ကာလ၊ တဲတော်တွင် ငါ့ကို ကိုးကွယ်တော်မူမည်။ ဗိမာန် တော်အတွင်းအရပ်၌၊ ငါ့ကို ဝှက်ထားတော်မူမည်။ ကျောက်ပေါ်မှာလည်း ငါ့ကိုတင်ထားတော်မူမည်။
Psalms 61:2စိတ်နှလုံးညှိုးငယ်လျက် မြေကြီးစွန်းမှ ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏။ အကျွန်ုပ်အထက်၌ မြင့်သော ကျောက်သို့ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ။
Psalms 69:14အကျွန်ုပ်ကို ရွှံ့ထဲက ကယ်နှုတ်တော်မူပါ။ နစ်စေတော်မမူပါနှင့်။ အကျွန်ုပ်ကို မုန်းသောသူတို့ လက်မှ၎င်း၊ နက်သော ရေထဲက၎င်း လွှတ်ပါစေသော။
Psalms 86:13အကျွန်ုပ်ခံရသော ကရုဏာတော်ကြီးလှပါ၏။ အကျွန်ုပ်၏ ဝိညာဉ်ကို မရဏနိုင်ငံ အောက်အရပ်ထဲက ကယ်နှုတ်တော်မူပြီ။