Psalms 42:9
အကျွန်ုပ်ကိုအဘယ်ကြောင့် မေ့လျော့တော်မူ သနည်း။ ရန်သူညှဉ်းဆဲနှိပ်စက်ခြင်းကို ခံရ၍၊ အကျွန်ုပ် သည် ကြမ်းတမ်းသောအဝတ်ကို ဝတ်လျက် အဘယ် ကြောင့် နေရပါသနည်းဟု ငါ၏ကျောက်ဖြစ်သော ဘုရား သခင်ကို ငါလျှောက်ရ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Psalms 13:1အိုထာဝရဘုရား၊ အကျွန်ုပ်ကို အလျှင်းမမှတ်ဘဲ အဘယ်မျှ ကာလပတ်လုံးမေ့လျော့တော်မူမည်နည်း။ အဘယ်မျှကာလပတ်လုံး မျက်နှာတော်ကို ကွယ်ထား တော်မူမည်နည်း။
Psalms 22:1အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ် ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း။ အကျွန်ုပ်ကို မကယ်တင်ဘဲ အကျွန်ုပ်အော်ဟစ်သော စကားကို နား မထောင်ဘဲ အဘယ်ကြောင့် အဝေးမှာနေတော်မူ သနည်း။
Psalms 38:6အကျွန်ုပ်သည် ပြင်းထန်စွာခံရ၍၊ အလွန်နှိမ်ချ လျက်၊ ကြမ်းတမ်းသောအဝတ်ကိုဝတ်လျက် တနေ့လုံး သွားရပါ၏။
Psalms 44:23အိုဘုရားရှင်၊ နိုးတော်မူပါ။ အဘယ်ကြောင့် ကျိန်းစက်တော်မူသနည်း။ ထတော်မူပါ။ အကျွန်ုပ်တို့ကို အစဉ်စွန့်ပစ်တော်မမူပါနှင့်။
Psalms 62:2အကယ်စင်စစ် ဘုရားသခင်သည် ငါ၏ကျောက်၊ ငါ့ကို ကယ်တင်ခြင်းအကြောင်း၊ ငါ့ခိုလှုံရာဖြစ်တော် မူ၍၊ ငါ၌ လှုပ်ရှားခြင်းများစွာ မရှိရာ။
Psalms 77:9ဘုရားခင်သည် သနားခြင်းငှါ မေ့လျော့တော်မူ သလော။ အမျက်ထွက်သဖြင့် စုံစမ်းခြင်းကရုဏာတော် ကို ချုပ်တည်းတော်မူသလော။