Psalms 44:18
စိတ်နှလုံးသည် နောက်သို့မဆုတ်၊ တရားတော် လမ်းမှလွှဲ၍ မသွားကြပါ။
1835 Judson Burmese Bible
In The King James Version
Our heart is not turned back, neither have our steps declined from thy way;
In Context
17ထိုမျှလောက်ခံရသော်လည်း၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို မမေ့မလျော့။ သစ္စာတော်ကိုမဖျက်ကြပါ။
Cross References
Job 23:11ခြေတော်ရာကိုအစဉ်တစိုက် ငါရှောက်သွား၍၊ ကြွတော်မူရာလမ်းကို မလွှဲမရှောင်လိုက်ပါ၏။
Psalms 78:57ဘိုးဘေးများကဲ့သို့ ဖေါက်ပြန်၍သစ္စာကို ဖျက် ကြ၏။ လိမ်တတ်သော လေကဲ့သို့ လမ်းလွဲကြ၏။
Psalms 119:157အကျွန်ုပ်ကို ညှဉ်းဆဲသောသူနှင့် ရန်ဘက်ပြု သော သူတို့သည် များကြပါ၏။ သို့သော်လည်း၊ အကျွန်ုပ် သည် သက်သေခံတော်မူချက်တို့မှ လွှဲ၍မသွားပါ။
Jeremiah 11:10ငါ့စကားကို ငြင်းပယ်သော ဘိုးဘေးတို့၏ ဒုစရိုက်များကို ပြုအံ့သောငှါ ပြန်သွားကြပြီ။ အခြားတပါး သော ဘုရားတို့ကို ဝတ်ပြုအံ့သောငှါ လိုက်သွားကြပြီ။ သူတို့၏ ဘိုးဘေးများနှင့် ငါဖွဲ့သော ပဋိညာဉ်တရားကို ဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့သည် ဖျက်ကြပြီ။
Luke 17:32လောတ၏မယားကို အောက်မေ့ကြလော့။
1 Thessalonians 2:10မိမိနိုင်ငံတော်နှင့် ဘုန်းတော်ထဲသို့၊ သင်တို့ကို ခေါ်သွင်းတော်မူသော ဘုရားသခင်နှင့် အထိုက် အလျောက် သင်တို့သည် ကျင့်ဆောင်စေခြင်းငှါ၊