Psalms 45:12
တုရုမင်းသမီးမှစ၍ လူစုတွင် ဥစ္စာရတတ်သော သူတို့သည်လည်း၊ လက်ဆောင်ပဏ္ဏာပါလျက် သင့်ကို ဖျောင်းဖျရကြလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
In Context
13ရှင်ဘုရင်၏သမီးတော်သည် အတွင်း၌ ဂုဏ် အသရေသက်သက်ရှိ၏။ ရွှေဖြင့်ချယ်လှယ်သော အဝတ် တန်ဆာကိုဆင်၏။
Cross References
Psalms 68:29ယေရုရှလင်မြို့၌ရှိသော ဗိမာန်တော်အဘို့ ရှင်ဘုရင်တို့သည် ကိုယ်တော်ထံသို့ လက်ဆောင်များကို ဆောင်ခဲ့ကြပါစေသော။
Song of Solomon 2:14တောင်ပေါ်၌ ခိုလှုံရာကျောက်ကြားတွင် ရှိသော ငါ၏ချိုးငှက်၊ သင်၏မျက်နှာကိုမြင်ပါရစေ။ သင်၏စကား သံကို ကြားပါရစေ။ သင်၏စကားသံသည် ချို၏။ သင်၏ မျက်နှာလည်း လှ၏။
Isaiah 23:17အနှစ်ခုနစ်ဆယ် လွန်သောအခါ၊ ထာဝရဘုရား သည် တုရုမြို့ကို အကြည့်အရှု ကြွလာတော်မူလိမ့်မည်။ သူသည်လည်း တဖန်အမြတ်ရသော ဘာသာသို့လိုက်ပြန် ၍၊ မြေကြီးမျက်နှာပေါ်မှာ ရှိသမျှသော လောကီနိုင်ငံတို့ နှင့် မတရားသော ဓမထုန်ကိုပြုလိမ့်မည်။
Isaiah 60:3တပါးအမျိုးသားတို့သည် သင်၏အလင်းသို့၎င်း၊ ရှင်ဘုရင်တို့သည် သင်၌ ပေါ်ထွန်းခြင်းအရောင်သို့၎င်း လာကြလိမ့်မည်။
Isaiah 60:10တပါးအမျိုးတို့သည် သင်၏မြို့ရိုးကို တည်ကြ လိမ့်မည်။ ရှင်ဘုရင်တို့သည်လည်း သင့်ကို ပြုစုကြလိမ့် မည်။ အကြောင်းမူကား၊ ငါသည် အမျက်ထွက်၍ သင့်ကို ဒဏ်ခတ်သော်လည်း၊ စေတနာစိတ်နှင့် သနားဦးမည်။
Acts 21:3ကုပရုကျွန်းကိုမြင်လျှင် လက်ျာဘက်၌ ရှောက်သွားသဖြင့်၊ ရှုရိ ပြည်သို့ကူး၍ တုရူမြို့၌ ဆိုက်လေ၏။ ထိုမြို့မှာ သင်္ဘော၌ပါသော ဝန်ကိုချရ၏။