Psalms 46:6
လူမျိုးတို့သည် ဟုန်းဟုန်းမြည်ကြ၏။ တိုင်းနိုင်ငံ တို့သည် လှုပ်ရှားကြ၏။ ဗျာဒိတ်သံကို လွှတ်တော်မူ၍ မြေကြီးသည် အရည်ဖြစ်လေ၏။
1835 Judson Burmese Bible
In The King James Version
The heathen raged, the kingdoms were moved: he uttered his voice, the earth melted.
In Context
Cross References
Joshua 2:9ထာဝရဘုရားသည် သင်တို့အား ဤပြည်ကို ပေး တော်မူကြောင်းကို၎င်း၊ သင်တို့ကို ငါတို့ကြောက်လန့်အား ကြီး၍ သင်တို့ကြောင့် ပြည်သူပြည်သားအပေါင်းတို့သည် စိတ်ပျက်ကြောင်းကို၎င်း ကျွန်မသိပါ၏။
Joshua 2:24အကယ်စင်စစ် ထာဝရဘုရားသည် ထိုပြည် တရှောက်လုံးကို ငါတို့လက်သို့ အပ်တော်မူပြီ။ ငါတို့ ကြောင့် ပြည်သူပြည်သားအပေါင်းတို့သည် စိတ်ပျက် လျက် ရှိကြပါ၏ဟု ယောရှုအား လျှောက်ဆို၏။
2 Chronicles 14:9တဖန်ကုရှရှင်ဘုရင် ဇေရသည်စစ်သူရဲတသန်း၊ ရထားသုံးရာနှင့်တကွ ချီလာ၍၊ မရေရှမြို့သို့ ရောက် သောအခါ၊
2 Chronicles 20:20နက်ဖြန်နံနက်စောစောထ၍၊ တေကောတော သို့ ထွက်သွားကြ၏။ သွားကြစဉ်တွင်၊ ယောရှဖတ်သည် ရပ်၍၊ အိုယုဒပြည်သူ ယေရုရှလင်မြို့သားတို့၊ နား ထောင်ကြလော့။ သင်တို့၏ဘုရားသခင်ကို ယုံကြည်ကြ လော့။ သို့ပြုလျှင် တည်ကြည်ကြလိမ့်မည်။ ပရောဖက် တော်တို့ကို ယုံကြည်ကြလော့။ သို့ပြုလျှင် အောင်မြင် ကြလိမ့်မည်ဟု မိန့်တော်မူ၏။
Psalms 18:13ထာဝရဘုရားသည်လည်း၊ ကောင်းကင်ပေါ်မှာ မိုဃ်းချုန်း၍၊ အမြင့်ဆုံးသော ဘုရားသည် အသံတော်ကို လွှင့်တော်မူ၏။
Psalms 68:33အစအဦး၌ အထက်ကောင်းကင်ဘဝဂ်ကို စီး၍ နေတော်မူသော ထာဝရဘုရားကို ထောမနာသီချင်း ဆိုကြလော့။ အသံတော်ကို လွှတ်တော်မူ၍၊ အားကြီးသော အသံဖြစ်၏။