Psalms 49:6
ထိုသူတို့သည် ကိုယ်ဥစ္စာကို ကိုးစား၍၊ ကိုယ် စည်းစိမ်များသောကြောင့် ဝါကြွားသော်လည်း၊
1835 Judson Burmese Bible
In The King James Version
They that trust in their wealth, and boast themselves in the multitude of their riches;
In Context
7မိမိညီအစ်ကိုကို အဘယ်သူမျှအလျှင်းမရွေးနိုင်။ ရွေးရန်အဘိုးကိုဘုရားသခင်၌ မပေးနိုင်။
Cross References
Esther 5:11မိမိဘုန်းစည်းစိမ်ကြီးကြောင်း၊ သားသမီးများ ကြောင်း၊ ရှင်ဘုရင် အလွန်ချီးမြှောက်၍ မှူးတော် မတ်တော် ကျွန်တော်မျိုးများထက်သာ၍ မြတ်သောအရာ ၌ ခန့်ထားတော်မူကြောင်းများကို ဘော်ပြလျက်၊
Psalms 52:7ဘုရားသခင်ကိုမခိုလှုံ၊ မိမိဥစ္စာကြွယ်ဝခြင်း၌ ကိုးစား၍၊ မိမိဒုစရိုက်၌ခိုင်ခံ့သော သူကို ကြည့်ပါဟူ၍ သူ၌ရယ်ကြလိမ့်မည်။
Psalms 56:7သူတို့သည် မတရားသောအမှုအားဖြင့် လွှတ် ခြင်းသို့ ရောက်ရပါမည်လော။ အိုဘုရားသခင်၊ ထိုလူများ တို့ကို အမျက်တော်ထွက်၍ လှဲတော်မူပါ။
Psalms 112:7မကောင်းသော သိတင်းကိုမကြောက်ရ၊ စိတ် နှလုံးသည် ထာဝရဘုရားကို ကိုးစားသဖြင့် တည်ကြည် တတ်၏။
Proverbs 10:15ငွေရတတ်သောသူ၏ စည်းစိမ်သည် သူ၏ခိုင်ခံ့ သောမြို့ဖြစ်၏။ ဆင်းရဲသားတို့၏ဆင်းရဲခြင်းမူကား၊ သူတို့၏ အကျိုးနည်းကြောင်းဖြစ်၏။
Proverbs 23:5ပျောက်တတ်သောအရာကို စေ့စေ့မျက်မှောက် ပြုသင့်သလော။ အကယ်စင်စစ် ရွှေလင်းတသည် မိုဃ်းကောင်းကင်သို့ ပျံတတ်သကဲ့သို့၊ ထိုအရာသည် အတောင်တို့ကို လုပ်၍ပျံသွားတတ်၏။