Psalms 51:3
အကျွန်ုပ်လွန်ကျူးပါပြီဟု ဝန်ချလျက် ကိုယ် အပြစ်ကို အစဉ်မပြတ် အောက်မေ့လျက်နေပါ၏။
1835 Judson Burmese Bible
In The King James Version
For I acknowledge my transgressions: and my sin is ever before me.
In Context
2ဒုစရိုက်အညစ်အကြေးကို အကုန်အစင် ဆေးကြော၍၊ အကျွန်ုပ်ကို သန့်ရှင်းစေတော်မူပါ။
Cross References
Leviticus 26:40သို့ရာတွင် သူတို့သည် ငါ့ကို ပြစ်မှား၍၊ ငါ့ကို ဆန့်ကျင်ဘက်ပြုသောကြောင့်၊-
Job 33:27သူကလည်း၊ ငါသည် ပြစ်မှားပါပြီ။ မှန်သော တရားကိုမှောက် ပါပြီ။ သို့သော်လည်း ကိုယ်ခံထိုက်သော အပြစ်ကိုမခံရဘဲ၊
Psalms 38:18ကိုယ်အပြစ်ကိုဘော်ပြပါ၏။ ပြစ်မှားမိသော ကြောင့် စိတ်ပူပန်ခြင်းရှိပါ၏။
Psalms 41:5ငါ့ရန်သူတို့က၊ သူသည်သေ၍ သူ၏နာမသည် အဘယ်ကာလမှ တိမ်မြှပ်လိမ့်မည်နည်းဟု ငါ့ကိုမနာလို၍ ဆိုတတ်ကြ၏။
Isaiah 43:25ငါတပါးတည်းသာလျှင် ကိုယ်အတွက်ကြောင့်၊ သင်၏အပြစ်တို့ကို ဖြေမည်။ သင်၏ဒုစရိုက်အမှုတို့ကို မအောက်မေ့။
Jeremiah 3:25အကျွန်ုပ်တို့သည် ရှက်ကြောက်လျက် အိပ်ရ ကြ၏။ အသရေပျက်ခြင်း၌ နစ်မွန်းကြ၏။ အကြောင်း မူကား၊ အကျွန်ုပ်တို့သည် ငယ်သော အရွယ်မှစ၍ ယခု တိုင်အောင် ဘိုးဘေးနှင့်တကွ အကျွန်ုပ်တို့၏ ဘုရား သခင် ထာဝရဘုရား၏ စကားတော်ကို နားမထောင် အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှားပါ ပြီဟု ဆိုကြ၏။