Psalms 56:12
အိုဘုရားသခင်၊ အကျွန်ုပ်သည် ရှေ့တော်၌ သစ္စာပြုပါသည်ဖြစ်၍၊ သစ္စာဝတ်ကို ဖြေလျက်ကိုယ်တော် ကို ချီးမွမ်းပါမည်။
1835 Judson Burmese Bible
In The King James Version
Thy vows are upon me, O God: I will render praises unto thee.
In Context
11ငါသည် ဘုရားသခင်ကို ခိုလှုံသည်ဖြစ်၍ ကြောက်စရာမရှိ။ လူသည် ငါ၌အဘယ်သို့ ပြုနိုင် သနည်း။
Cross References
Genesis 35:1ထိုနောက် ဘုရားသခင်က၊ သင်ထ၍ဗေသလ အရပ်သို့ သွားနေလော့။ သင်သည် အစ်ကိုဧသောထံမှ ပြေးသောအခါ၊ သင့်အား ထင်ရှားသော ဘုရားသခင် အဘို့၊ ထိုအရပ်၌ ယဇ်ပလ္လင်ကို တည်လော့ဟု၊ ယာကုပ် အား မိန့်တော်မူ၏။
1 Samuel 1:11အိုကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော်၏ ကျွန်မကို မေ့လျော့တော်မမူဘဲ၊ ကိုယ်တော် ကျွန်မ၏ ဆင်းရဲခြင်းကို ကြည့်ရှုအောက်မေ့သဖြင့်၊ သားယောက်ျားကို ပေးသနားတော်မူလျှင်၊ သူ၏ ဆံပင်ရိတ်ခြင်းကို အလျှင်းမပြု။ တသက်လုံး ထာဝရဘုရား၏ ကျွန်ဖြစ်စေခြင်းငှါ ကျွန်မအပ်ပါ မည်ဟု သစ္စာဂတိပြုလေ၏။
Psalms 9:1အိုထာဝရဘုရား၊ အကျွန်ုပ်သည် စိတ်နှလုံး အကြွင်းမဲ့ကိုယ်တော်ကို ချီးမွမ်းပါမည်။ အံ့ဘွယ်သော အမှုတော်ရှိသမျှတို့ကို ပြညွှန်ပါမည်။
Psalms 50:14ကျေးဇူးချီးမွမ်းခြင်း ယဇ်ကိုဘုရားသခင်အား ပူဇော်လော့။ သစ္စာဂတိထားသည်အတိုင်း၊ အမြင့်ဆုံး သောအရာ၌ သစ္စာဝတ်ကိုဖြေလော့။
Psalms 66:13မီးရှို့ရသော ယဇ်ပါလျက် အိမ်တော်သို့ အကျွန်ုပ်သွားပါမည်။
Psalms 116:14ထာဝရဘုရားအား သစ္စာဂတိထားသည် အတိုင်း၊ ထာဝရဘုရား၏ လူများရှေ့၌ သစ္စာဝတ်ကို ဖြေမည်။