Psalms 56:4
ဘုရားသခင်ကို အမှီပြု၍ နှုတ်ကပတ်တော်၌ ဝါကြွားပါမည်။ ငါသည် ဘုရားသခင်ကို ခိုလှုံသည်ဖြစ်၍ ကြောက်စရာမရှိ။ လူသည် ငါ၌ အဘယ်သို့ပြုနိုင်သနည်း။
1835 Judson Burmese Bible
In The King James Version
In Context
3အကျွန်ုပ်သည် ကြောက်ရွံ့သောအခါ ကိုယ် တော်၌ ခိုလှုံပါမည်။
5သူတို့သည် နေ့တိုင်းငါ့စကားကို အလွဲယူကြ၏။ ငါ၌ မကောင်းသောအကြံကိုသာ ကြံစည်ကြ၏။
Cross References
1 Samuel 30:6ဒါဝိဒ်သည် အလွန်စိတ်ငြိုငြင်ဆင်းရဲ၏။ လူများတို့သည် မိမိတို့ သားသမီးများကြောင့် စိတ်ညှိုးငယ်သဖြင့်၊ ဒါဝိဒ်ကို ကျောက်ခဲနှင့် ပစ်ကြမည်ဟု ဆိုကြ၏။ ဒါဝိဒ်မူကား မိမိထာဝရဘုရားကို ကိုးစားလျက်နေ၍၊
2 Chronicles 20:4ယုဒလူတို့သည် ထာဝရဘုရားကို စုတောင်းမည် ဟု စုဝေး၍၊ ထာဝရဘုရားကို ရှာအံ့သောငှါ၊ ယုဒမြို့ ရှိသမျှမှ ထွက်လာကြ၏။
Psalms 19:7ထာဝရဘုရား၏ တရားတော်သည် စုံလင်သည် ဖြစ်၍ စိတ်ဝိညာဉ်ကို ပြုပြင်တတ်၏။ ထာဝရဘုရား၏ သက်သေခံတော်မူချက်သည် ဟုတ်မှန်သည်ဖြစ်၍ မလိမ္မာသော သူတို့ကို လိမ္မာစေတတ်၏။
Psalms 46:1ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်၍၊ ခွန်အား ကို ပေးတော်မူ၏။ ဘေးရောက်သည်ကာလ အထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏။
Psalms 118:6ထာဝရဘုရားသည် ငါ့ဘက်မှာ ရှိတော်မူသည် ဖြစ်၍ ကြောက်စရာမရှိ။ လူသည် ငါ၌ အဘယ်သို့ ပြုနိုင်သနည်း။
Psalms 119:160နှုတ်ကပတ်တော်အလုံးစုံတို့သည် ဟုတ်မှန်ပါ ၏။ တရားသဖြင့် စီရင်တော်မူချက်ရှိသမျှတို့သည် အစဉ် အမြဲ တည်ကြပါ၏။