Psalms 57:3
ကောင်းကင်ကလက်တော်ကို ဆန့်တော်မူမည်။ ငါ့ကို ကိုက်စားအံ့သောသူကို အရှက်ခွဲသဖြင့်၊ ငါ့ကို ကယ်တင်တော်မူမည်။ ကရုဏာတော်နှင့်သစ္စာတော်ကို ဘုရားသခင် စေလွှတ်တော်မူမည်။
1835 Judson Burmese Bible
In The King James Version
In Context
2ငါသည်အမြင့်ဆုံးသော ဘုရားသခင်၊ ငါ့အမှုကို ပြီးစီးစေတော်မူသော ဘုရားသခင်ကို အော်ဟစ်မည်။
Cross References
Job 31:31ငါ့အိမ်သူအိမ်သားတို့က၊ အဘယ်သူသည် ငါတို့သခင်၏ အမဲသားကိုတောင့်တ၍ မဝဘဲနေရ သနည်းဟု မဆိုတတ်သလော။
Psalms 40:11အိုထာဝရဘုရား၊ အကျွန်ုပ်၌ သနားစုံမက် တော်မူခြင်းစိတ်ကို မချုပ်တည်းပါနှင့်။ ကရုဏာတော်နှင့် သစ္စာတော်သည် အကျွန်ုပ်ကို အစဉ်စောင့်မပါစေသော။
Psalms 56:1အိုဘုရားသခင်၊ အကျွန်ုပ်ကို သနားတော်မူပါ။ လူတို့သည် ကိုက်စားအံ့သော ဒေါသနှင့်နေ့တိုင်းတိုက်၍ အကျွန်ုပ်ကို နှိပ်စက်ကြပါ ၏။
Psalms 138:8ထာဝရဘုရားသည် ငါ၏အမှုကို ပြီးစီးစေတော် မူမည်။ အိုထာဝရဘုရား၊ ကရုဏာတော်သည် အစဉ်အမြဲ တည်ပါသည်ဖြစ်၍၊ ကိုယ်တော်၏ လက်နှင်ပြုစုသော အမှုတို့ကို စွန့်ပစ်တော်မမူပါနှင့်။
Isaiah 26:12အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ် တို့အား ငြိမ်သက်ခြင်းကို ပေးတော်မူလိမ့်မည်။ အ ကြောင်းမူကား၊ အကျွန်ုပ်တို့၏ အမှုရှိသမျှတို့ကို အကျွန်ုပ် တို့အဘို့ ပြုတော်မူ၏။
Matthew 28:2ထိုအခါ မြေကြီးသည် ပြင်းစွာလှုပ်လေ၏။ အကြောင်းမူကား၊ ထာဝရဘုရား၏ ကောင်းကင်တမန် သည် ကောင်းကင်ဘုံမှ ဆင်းလာ၍၊ တွင်းဝ၌ပိတ်သောကျောက်ကို လှိမ့်လှန်ပြီးလျှင်၊ ထိုကျောက်ပေါ်မှာ ထိုင်နေ၏။