Psalms 64:1
အို ဘုရားသခင်၊ အကျွန်ုပ်ဆုတောင်းသော စကားသံကို နားထောင်၍ အကျွန်ုပ်အသက်ကို ရန်သူဘေးမှ ကွယ်ကာစောင့်မတော်မူပါ။
1835 Judson Burmese Bible
In The King James Version
Hear my voice, O God, in my prayer: preserve my life from fear of the enemy.
In Context
Cross References
Psalms 27:7အိုထာဝရဘုရား၊ အကျွန်ုပ်အောဟစ်သော အသံကိုနားထောင်တော်မူပါ။ အကျွန်ုပ်ကို သနား၍ ထူးတော်မူပါ။
Psalms 34:4ငါသည် ထာဝရဘုရားကိုရှာသောအခါ နား ထောင်တော်မူ၏။ ကြောက်မက်ဘွယ်သောအကြောင်း အလုံးစုံတို့အထဲက ငါ့ကို ကယ်နှုတ်တော်မူ၏။
Psalms 56:2ရန်သူတို့သည် နေ့တိုင်းကိုက်စားအံ့သော ဒေါသ ရှိ၍ မြင့်သောစိတ်နှင့် အကျွန်ုပ်ကို တိုက်သောသူ အများရှိကြပါ၏။
Psalms 140:1အိုထာဝရဘုရား၊ ဆိုးသောသူ၏လက်မှ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။ ကြမ်းတမ်းသော သူ၏လက်မှ အကျွန်ုပ်ကို ကွယ်ကာစောင့်မတော်မူပါ။
Psalms 143:1အိုထာဝရဘုရား၊ အကျွန်ုပ်၏ပဌနာကိုကြား၍၊ ဆုတောင်းသော စကားကိုနားထောင်တော်မူပါ။ သစ္စာ စောင့်ခြင်း၊ ဖြောင့်မတ်ခြင်းရှိတော်မူသည်အတိုင်း ပြန် ပြောတော်မူပါ။
Acts 18:9ညဉ့်အခါ သခင်ဘုရားသည် ပေါလုအား ဗျာ ဒိတ် ရူပါရုံကိုပြ၍၊ သင်သည်မကြောက်နှင့်။ တိတ်ဆိတ် စွာမနေနှင့်။ ဟောပြောလော့။