Psalms 67:6
မြေသည် မိမိဘဏ္ဍာကို ပေး၍၊ ဘုရားသခင်တည်းဟူသော ငါတို့၏ဘုရားသခင်သည် ငါတို့ကို ကောင်းကြီးပေးတော်မူ၏။
1835 Judson Burmese Bible
In The King James Version
Then shall the earth yield her increase; and God, even our own God, shall bless us.
In Context
Cross References
Genesis 17:7ငါသည်သင်၏ဘုရား၊ သင့်နောက်၌ သင့်အမျိုးအနွယ်၏ ဘုရားဖြစ်မည်ဟု၊ သင်နှင့်သင်၏ အမျိုးအနွှယ် အစဉ်အဆက်တို့၌၊ ငါ့ပဋိညာဉ်ကို ထာဝရပဋိညာဉ် ဖြစ်စေမည်။
Leviticus 25:19မြေသည်လည်း မိမိ အသီးအနှံကို ပေးသဖြင့်၊ သင်တို့သည် ဝစွာစား၍ ဘေးလွတ်လျက် နေရကြ လိမ့်မည်။
Psalms 48:14အကြောင်းမူကား၊ ထိုဘုရားသခင်သည် ကာလ အစဉ်အမြဲ ငါတို့၏ဘုရားဖြစ်တော်မူ၏။ သေသည် ကာလတိုင်အောင် ငါတို့ကို ပို့ဆောင်တော်မူလတံ့ သတည်း။
Isaiah 1:19သင်တို့သည် ကြည်ညိုနားထောင်လျှင်၊ မြေအသီး အနှံကို စားရကြလိမ့်မည်။
Jeremiah 31:1ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ ၌ ငါသည် ဣသရေလအဆွေအမျိုးအပေါင်းတို့၏ ဘုရားသခင်ဖြစ်၍၊ သူတို့သည် ငါ၏လူဖြစ်ကြလိမ့်မည်။
Ezekiel 34:26သူတို့ကို၎င်း၊ ငါ၏တောင်တော်ပတ်လည်၌ ရှိသော အရပ်တို့ကို၎င်း ငါကောင်းကြီးပေး၍၊ အချိန်တန် လျှင် မိုဃ်းကိုရွာစေသဖြင့်၊ ကောင်းကြီးမိုးရေ ကျရ လိမ့်မည်။