Psalms 68:2
မီးခိုးလွှင့်သကဲ့သို့ သူတို့ကို လွှင့်တော်မူပါ။ ဘယောင်းသည် မီးရှေ့မှာ အရည်ဖြစ်သကဲ့သို့၊ မတရားသော သူတို့သည် ဘုရားသခင့်ရှေ့တော်မှာ ပျက်စီးကြပါစေသော။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
2 Samuel 10:13သူ၌ပါသောလူများနှင့်တကွ ရှုရိလူတို့ကို စစ်တိုက်ခြင်းငှါ ချဉ်းသွားသောအခါ၊ ရှုရိလူတို့သည် ပြေးကြ၏။
Psalms 22:14အကျွန်ုပ်သည် ရေကဲ့သို့သွန်ခြင်းကို ခံရ၍၊ အရိုးအဆစ်ရှိသမျှတို့သည် ပြုတ်ကြပါ၏။ အကျွန်ုပ်နှလုံး သည် ဘယောင်းကဲ့သို့ဖြစ်၍၊ ရင်ထဲမှာ အရည်ကျိုလျက် ရှိပါ၏။
Psalms 76:7ကိုယ်တော်တပါးတည်းသာလျှင် ကြောက်ရွံ ဘွယ်ဖြစ်တော်မူ၏။ အမျက်ထွက်တော်မူသောအခါ၊ ရှေ့တော်၌ အဘယ်သူရပ်နေနိုင်ပါမည်နည်း။
Psalms 97:5ထာဝရဘုရားရှေ့၊ မြေကြီးတပြင်လုံးကို အစိုးရ တော်မူသော အရှင်၏ရှေ့တော်၌၊ တောင်တို့သည် ဘယောင်းကဲ့သို့ အရည်ဖြစ်ကြ၏။
Isaiah 33:3အလုံးအရင်း၏ အသံကြောင့်၊ လူစုတို့သည် ပြေးကြ၏။ ထတော်မူသောအခါ၊ လူမျိုးတို့သည် အရပ် ရပ်ကွဲပြားကြ၏။
Jeremiah 46:15သင်၏သူရဲသည် အဘယ်ကြောင့် ရှုံးသနည်း။ ထာဝရဘုရားတွန်းချတော်မူသောကြောင့်၊ သူသည် မရပ် မနေနိုင်ရာ။