Psalms 69:21
အကျွန်ုပ် စားစရာ ဘို့ ဆေးခါး ကို ကျွေး ကြပါ၏။ ရေငတ် သောအခါ ပုံးရည် ကို တိုက် ကြပါ၏။
မြန်မာကျမ်းစာ
In The King James Version
They gave me also gall for my meat; and in my thirst they gave me vinegar to drink.
In Context
Cross References
Deuteronomy 29:18ငါ တို့ဘုရားသခင် ထာဝရဘုရား ထံ တော်မှ လွှဲရှောင် ချင်သော သဘော ရှိလျက် ၊ ထို လူမျိုး တို့၏ ဘုရား များထံသို့ သွား ၍ ဝတ်ပြု သောယောက်ျား ၊ မိန်းမ ၊ အဆွေ အမျိုးတစုံတယောက်သည် သင် တို့တွင် ပါမည်ဟူ၍၎င်း၊ ခါး စွာသောအသီး၊ ဒေါန ကို သီး တတ်သော အပင်မြစ် သည် သင် တို့တွင် ပေါက်မည်ဟူ၍၎င်း၊
Jeremiah 8:14ငါ တို့သည် အဘယ် ကြောင့် ထိုင် လျက်နေကြ သနည်း။ စုဝေး ကြကုန်အံ့၊ ခိုင်ခံ့ သော မြို့ များအထဲ သို့ ဝင် ၍ တိတ်ဆိတ် စွာ နေကြကုန်အံ့။ ငါတို့သည် ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၊ ငါ တို့၏ ဘုရား သခင်ထာဝရဘုရား သည် ငါ တို့ကို တိတ်ဆိတ် စွာနေစေ၍ ၊ ဆေးခါး နှင့် ရောသော ရေ ကိုတိုက် တော်မူ၏။
Jeremiah 23:15ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ပရောဖက် တို့အမှု ၌ မိန့် တော်မူသည်ကား ၊ သူ တို့ကို ဒေါန နှင့် ငါ ကျွေး မည်။ ဆေးခါး ကိုလည်း သောက် စေမည်။ ယေရုရှလင် မြို့သား ပရောဖက် တို့သည် မူလအမြစ်ဖြစ်၍၊ အဓမ္မ အမှုသည် တပြည် လုံး ကို နှံ့ပြား လေပြီ။
Lamentations 1:9သူ ၌မ စင်ကြယ်သော လက္ခဏာထင်ရှားသော်လည်း ၊ နောက်ခံရသောအပြစ်ကို မ အောက်မေ့ ။ ထိုကြောင့်၊ မျက်နှာ ပေးသောသူမ ရှိဘဲ အံ့ဩဘွယ် သော အခြင်းအရာနှင့် နှိမ့်ချခြင်းသို့ ရောက်လေ၏။ အိုထာဝရ ဘုရား ၊ အကျွန်ုပ် ဆင်းရဲ ခြင်းကို ကြည့်ရှု တော်မူပါ။
Matthew 27:48လူတစ် ယောက်သည် ချက်ခြင်း ပြေး ၍ ရေမှို တထွေးကို ပုံးရည် နှင့် ပြည့် စေပြီးလျှင် ၊ ကျူလုံး ဖျား၌ တပ် ၍ ကိုယ်တော် အား သောက်စိမ့်သောငှာပေး လေ၏။
Mark 15:36လူတစ် ယောက်သည် ပြေး ၍ ရေမှို တထွေးကို ပုံးရည် နှင့် ပြည့် စေပြီးလျှင် ၊ ကျူလုံး ဖျား၌တပ် ၍ ကိုယ်တော် အား သောက် စိမ့်သောငှာပေးလျက်၊ ရှိ စေတော့။ ဧလိယ သည် သူ့ ကိုချယူ ခြင်းငှာလာ မည်မလာမည်ကို ကြည့် ကြကုန်အံ့ဟုဆို ၏။