Psalms 7:12
ထိုသူသည်မပြောင်းလဲလျှင် ထားတော်ကို သွေး တော်မူ၏။ လေးတော်ကိုတင်၍ ရွယ်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
If he turn not, he will whet his sword; he hath bent his bow, and made it ready.
In Context
11ဘုရားသခင်သည် တရားသဖြင့် စီရင်သော ဘုရားဖြစ်၍၊ မတရားသောသူကို အစဉ်အမျက် ထွက်တော်မူ၏။
13သေစေသော လက်နက်ကိုလည်း သူ့အဘို့ ပြင်ဆင်၍ မြှားတော်တို့ကို လောင်စေတော်မူ၏။
Cross References
Deuteronomy 32:41ငါသည် ပြောင်လက်သောထားကို သွေး၍၊ တရားစီရင်စပြုလျက် ငါ့ရန်သူတို့၌ အပြစ်တရားကို စီရင်မည်။ ငါ့ကိုမုန်းသောသူတို့ ခံထိုက်သောအပြစ်အ လျောက် ငါဆပ်ပေးမည်။
Psalms 85:4အကျွန်ုပ်တို့ကို ကယ်တင်တော်မူသော ဘုရား၊ တဖန်အကျွန်ုပ်တို့ကို ပြောင်းလဲစေ၍၊ ထွက်ဘူးသော အမျက်တော်ကို ငြိမ်းစေတော်မူပါ။
Isaiah 27:1ထိုကာလ၌ ထာဝရဘုရားသည် ပြေးတက်သော မြွေလဝိသန် ကို၎င်း၊ လိမ်သောမြွေလဝိသန်ကို၎င်း ခိုင်ခံ့ ကြီးမားသော ထားတော်နှင့် ဒဏ်ပေး၍၊ ပင်လယ်၌ ရှိသော နဂါးကိုလည်း သတ်တော်မူလိမ့်မည်။
Isaiah 55:6တွေ့နိုင်သည် ကာလတွင် ထာဝရဘုရားကို ရှာကြလော့။ နီးတော်မူသည်ကာလတွင် ဆုတောင်း ပဌနာပြုကြလော့။
Ezekiel 18:30သို့ဖြစ်၍၊ အိုဣသရေလအမျိုး၊ သင်တို့ အသီး အသီးကျင့်ကြသည်အတိုင်း အကျိုးအပြစ်ကိုငါစီရင်မည်။ သင်တို့သည် အဓမ္မအမှုရှိသမျှတို့ကို စွန့်ပစ်၍ ပြောင်းလဲ ကြလော့။ ပြောင်းလဲကြလော့။ ဒုစရိုက်အပြစ်ကြောင့် ထိမိ၍ ဆုံးခြင်းသို့မရောက်ကြနှင့်။
Ezekiel 21:23သို့ရာတွင်၊ ရှင်ဘုရင်ထံ၌ သစ္စာခံသောသူတို့ သည် ထိုဗေဒင်တွက်ခြင်းကို အချည်းနှီးသော ဗေဒင် တွက်ခြင်းကဲ့သို့ မှတ်ကြလိမ့်မည်။ ရှင်ဘုရင်မူကား၊ သူတို့ ကို ဘမ်းမိလိုသောငှါ၊ သူတို့ပြစ်မှားသော အပြစ်ကို အောက်မေ့လိမ့်မည်။