Psalms 7:8
ထာဝရဘုရားသည် လူမျိုးတို့ကို တရားစီရင် တော်မူ၏။ အိုထာဝရဘုရား၊ အကျွန်ုပ်ဖြောင့်မတ်ခြင်း ကို၎င်း၊ စုံလင်ခြင်းကို၎င်း ထောက်၍ အကျွန်ုပ်အမှုကို စီရင်ဆုံးဖြတ်တော်မူပါ။
1835 Judson Burmese Bible
In The King James Version
In Context
7လူမျိုးတို့သည်စည်းဝေး၍ ကိုယ်တော်ကို ဝန်းရံ ကြလျက်၊ သူတို့အဘို့ မြင့်ရာအရပ်သို့ ပြန်ကြွတော်မူပါ။
Cross References
Genesis 31:53အာဗြဟံ၏ ဘုရားသခင်၊ နာခေါ်၏ ဘုရား သခင်၊ သင့်အဘ၏ဘုရားသခင်သည် ငါတို့စပ်ကြား၌ စီရင်တော်မူစေသတည်းဟူ၍၎င်း၊ ယာကုပ်အားဆို၏။ ယာကုပ်သည်လည်း၊ မိမိအဘကြောက်ရွံ့ရာ ဘုရားကို တိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုလေ၏။
Psalms 9:8မြေကြီးသားတို့ကို တရားသဖြင့် စီရင်တော်မူ ၏။ လူမျိုးတို့အား ဖြောင့်မတ်စွာသော စီရင်ခြင်းကို ပြုတော်မူ၏။
Psalms 17:2ကိုယ်တော်တိုင်အကျွန်ုပ်ကို စီရင်၍ ဖြောင့်မတ် သောအရာကို ထောက်ရှုတော်မူပါ။
Psalms 25:21ကိုယ်တော်ကိုမြော်လင့်လျက် နေပါသည်ဖြစ်၍၊ အပြစ်ကင်းခြင်းနှင့် သဘောဖြောင့်ခြင်းသည် အကျွန်ုပ်ကို စောင့်ရှောက်ပစေသော။
Psalms 26:11အကျွန်ုပ်မူကား၊ ဖြောင့်မတ်ခြင်း လမ်းသို့ လိုက် ပါ၏။ အကျွန်ုပ်ကို ရွေးနှုတ်၍ ကယ်မသနားတော်မူပါ။
Psalms 41:12ကိုယ်တော်သည် အကျွန်ုပ်ကို အကျွန်ုပ်စုံလင် ခြင်းအရာ၌မစ၍၊ ကာလအစဉ်အဆက် ရှေ့တော်ထံမှာ နေရာပေးတော်မူလတံ့။