Psalms 71:3
အကျွန်ုပ်အစဉ်ရောက်၍ နေရာကျသော ကျောက်ဖြစ်တော်မူပါ။ အကျွန်ုပ်ကို ကယ်တင်မည် အကြောင်း အမိန့်တော်ရှိ၍၊ အကျွန်ုပ်၏ ကျောက်၊ အကျွန်ုပ်၏ ရဲတိုက်ဖြစ်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Deuteronomy 33:27ရှေ့ဦးစွာသောဘုရားသခင်သည် သင့်ခိုလှုံရာ ဖြစ်၍၊ နိစ္စထာဝရ လက်ရုံးတော်ဖြင့် သင့်ကို ထောက်မ တော်မူ၏။ ရန်သူတို့ကို သင့်ရှေ့မှ နှင်ထုတ်၍ သူတို့ကို ဖျက်ဆီးသောအခွင့် ပေးတော်မူမည်။
Psalms 18:3ချီးမွမ်းအပ်သော ထာဝရဘုရားကို ငါတောင်း လျှောက်၍ ရန်သူတို့ လက်မှကယ်တင်ခြင်းသို့ ရောက်၏။
Psalms 31:3အကယ်စင်စစ် အကျွန်ုပ်၏ကျောက်၊ အကျွန်ုပ်၏ ရဲတိုက်ကား၊ ကိုယ်တော်ပေတည်း။ နာမတော်အဘို့ အလို့ငှါ အကျွန်ုပ်ကို လမ်းပြ၍ သွန်သင်ပဲ့ပြင် တော်မူပါ။
Psalms 44:4အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ ရှင်ဘုရင်ဖြစ်တော်မူ၏။ ယာကုပ်အမျိုး၏ ကယ်တင်ခြင်း အကြောင်းကို စီရင်တော်မူပါ။
Psalms 89:27အကယ်စင်စစ်သူ့ကို သားဦးအရာ၌ ခန့်ထား၍၊ လောကီရှင် ဘုရင်တို့အပေါ်မှာ ချီးမြှောက်မည်။
Psalms 91:1အမြင့်ဆုံးသော ဘုရား၏ကွယ်ကာရာဌာန တော်၌ နေသောသူသည် အနန္တတန်ခိုးရှင်၏ အရိပ်ကို ခိုရလိမ့်မည်။