Psalms 72:12
အကြောင်းမူကား၊ ငတ်မွတ်သောသူ အော်ဟစ် သောအခါ၊ ထိုသူကို၎င်း၊ ကိုးကွယ်ရာမရှိ၍ ဆင်းရဲသော သူကို၎င်း ချမ်းသာပေးတော်မူလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
For he shall deliver the needy when he crieth; the poor also, and him that hath no helper.
In Context
13ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူကို သနား၍၊ ငတ်မွတ်သော သူတို့၏ အသက်ကို ကယ်တင်တော် မူလိမ့်မည်။
Cross References
1 Samuel 22:2အမှုရောက်သောသူ၊ ကြွေးတင်သောသူ၊ စိတ်ညစ်သောသူအပေါင်းတို့သည်၊ သူ့ထံမှာ စုဝေးကြ၍ လူလေးရာခန့်ရှိသဖြင့်၊ ဒါဝိဒ်သည် သူတို့ကို အုပ်ရ၏။
Job 29:12အကြောင်းမူကား၊ ငါသည်ဆင်းရဲသောသူ၊ မိဘမရှိသောသူ၊ ကိုးကွယ်ရာမရသော သူအော်ဟစ်သော အခါ ကယ်တင်တတ်၏။
Psalms 10:17အိုထာဝရဘုရား၊ ကိုယ်တော်သည် နှိမ့်ချလျက် ရှိသော သူတို့၏တောင့်တခြင်း အသံကိုကြားတော်မူ၏။ သူတို့၏စိတ်နှလုံးကို တည်ကြည်စေတော်မူ၏။
Psalms 72:4ထိုမင်းသည် ကိုယ်တော်၏ လူတို့တွင် ဆင်းရဲ သားတို့ကို တရားစီရင်လျက်၊ ငတ်မွတ်သောသူတို့၏ သား သမီးများကို ကယ်မ၍၊ ညှဉ်းဆဲသောသူကိုလည်း နှိပ်စက် ပါလိမ့်မည်။
Psalms 102:17ကိုးကွယ်ရာမဲ့သောသူတို့ ဆုတောင်းခြင်း အကြောင်းကို မထီမဲ့မြင်မပြု၊ သူတို့၏ ပဌနာကို မှတ်တော်မူလိမ့်မည်။
Proverbs 29:7ဖြောင့်မတ်သော သူသည် ဆင်းရဲသားအမှုကို ဆင်ခြင်တတ်၏။ မတရားသောသူမူကား၊ ထိုအမှုကို ပမာဏမပြုတတ်။