Psalms 72:8
ပင်လယ်တပါးမှ တပါးတိုင်အောင်၎င်း၊ မြစ်မှ သည် မြေစွန်းတိုင်အောင်၎င်း အစိုးရတော်မူလိမ့်မည်။
1835 Judson Burmese Bible
In The King James Version
He shall have dominion also from sea to sea, and from the river unto the ends of the earth.
In Context
9တောတွင်းသားတို့သည် ရှေ့တော်၌ ဦးချ၍၊ ရန်သူတို့သည်လည်း မြေမှုန့်ကို လျက်ကြလိမ့်မည်။
Cross References
1 Kings 4:21ရှောလမုန်သည်လည်း မြစ်ကြီးမှ စ၍ဖိလိတ္တိ ပြည်၊ အဲဂုတ္တုပြည်တိုင်အောင် တိုင်းနိုင်ငံလုံးကို အစိုးရ သဖြင့်၊ အရပ်ရပ်သားတို့သည် လက်ဆောင်ပဏ္ဏာတို့ကို ဆက်၍၊ ရှောလမုန်လက်ထက်ကာလပတ်လုံး မင်းမှုကို ဆောင်ရွက်ရကြ၏။
Psalms 2:8ငါ့ကိုတောင်းလော့။ လူအမျိုးမျိုးတို့ကို သင်၏ အမွေဥစ္စာဘို့ ငါပေးမည်။ မြေကြီးစွန်းတိုင်အောင် ပိုင် ထိုက်သော အခွင့်ကိုလည်း ငါပေးမည်။
Psalms 80:11သူသည် အခက်အလက်တို့ကို ပင်လယ်တိုင် အောင်၎င်း၊ အညွန့်တို့ကို မြစ်ကြီးတိုင်အောင်၎င်း ပြန့်ပွား စေပါ၏။
Psalms 89:36သူ၏အမျိုးအနွယ်သည် အစဉ်အမြဲ တည်ရ မည်။ သူ၏ပလ္လင်သည်လည်း၊ ငါ့ရှေ့၌ နေကဲ့သို့ ဖြစ်ရ မည်။
Revelation 11:15သတ္တမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ကောင်းကင်ဘုံ၌ကြီးသော အသံတို့ကား၊ လောကီနိုင်ငံသည် ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ။ သူသည်လည်း ကမ္ဘာအဆက်ဆက် စိုးစံတော်မူမည်ဟု ပြောဆိုကြ၏။