Psalms 74:2
ရှေးကအပိုင်ရတော်မူသော လူအစည်းအဝေး ကို၎င်း၊ ရွေးတော်မူသော အမွေတော်အဘို့ကို၎င်း၊ ကျိန်းဝပ်တော်မူရာ ဇိအုန်တောင်ကို၎င်း အောက် မေ့တော်မူပါ။
1835 Judson Burmese Bible
In The King James Version
In Context
3သန့်ရှင်းရာဌာန၌ ရန်သူသည် မတရားသဖြင့် ပြု၍၊ အမြဲ သုတ်သင်ပယ်ရှင်းရာအရပ်သို့ ကြွတော်မူပါ။
Cross References
Exodus 15:13ရွေးတော်မူသော လူမျိုးကို ကရုဏာတော်အားဖြင့် ပို့ဆောင်တော်မူ၏။ သန့်ရှင်းသော နေတော်မူရာသို့ တန်ခိုးတော်အားဖြင့် လမ်းပြတော်မူ၏။
Deuteronomy 4:20သင်တို့သည် ယနေ့၌ ဖြစ်သကဲ့သို့၊ ထာဝရ ဘုရား အမွေခံတော်မူသော လူမျိုးဖြစ်စေခြင်းငှာ၊ သင်တို့ ကို အဲဂုတ္တုပြည် သံမီးဖိုထဲကနှုတ်၍ ယူဆောင်တော်မူပြီ။
Deuteronomy 9:29ဤလူတို့သည်ကား၊ မဟာတန်ခိုးတော်နှင့် လက်ရုံးတော်ကို ဆန့်သဖြင့် နှုတ်ဆောင်တော်မူသော ကိုယ်တော်၏ အမွေလူဖြစ်ကြပါသည်ဟု ငါသည် ဆုတောင်းလေ၏။
Psalms 9:11ဇိအုန်မြို့မှာ ကျိန်းဝပ်တော်မူသော ထာဝရ ဘုရားကို ထောမနာသီချင်းဆိုကြလော့။ အမှုတော်များကို လူမျိုးတို့အား ဟောပြောကြလော့။
Psalms 33:12ထာဝရဘုရားသည် အကြင်အမျိုး၏ ဘုရား ဖြစ်၍၊ အကြင်လူစုကို မိမိအမွေဥစ္စာဘို့ ရွေးကောက် တော်မူ၏၊ ထိုအမျိုးနှင့် ထိုလူစုသည် မင်္ဂလာရှိ၏။
Psalms 68:16သင်တို့သည် မြင့်သော တောင်ထိပ်များနှင့် ပြည့်စုံသော်လည်း၊ ဘုရားသခင် ကျိန်းဝပ်ခြင်းငှါ အလိုရှိတော်မူသော တောင်၊ ထာဝရဘုရားသည် အစဉ်အမြဲနေရာချတော်မူသော တောင်တော်ကို အဘယ်ကြောင့် စောင်းမြောင်းကြသနည်း။