Psalms 77:16
အို ဘုရားသခင်၊ ရေတို့သည် ကိုယ်တော်ကို မြင်ကြပါ၏။ ရေတို့သည် ကိုယ်တော်ကို မြင်၍ ကြောက် ရွံ့ကြပါ၏။ ရေနက်နဲရာအရပ်တို့လည်း လှုပ်ရှားကြပါ၏။
1835 Judson Burmese Bible
In The King James Version
The waters saw thee, O God, the waters saw thee; they were afraid: the depths also were troubled.
In Context
15ကိုယ်တော်၏ လူတည်းဟူသော ယာကုပ်နှင့် ယောသပ်၏အမျိုးကို လက်ရုံးတော်နှင့် ကယ်နှုတ်တော် မူပြီ။
Cross References
Genesis 48:5သင်နေသော အဲဂုတ္တုပြည်သို့ ငါမရောက်မှီ၊ အဲဂုတ္တုပြည်၌ သင်ရနှင့်သော သားနှစ်ယောက်၊ ဧဖရိမ် နှင့် မနာရှေတို့သည် ငါ့သားဖြစ်ရမည်။ ရုဗင်နှင့်ရှိမောင် ကဲ့သို့ ငါ့သားဖြစ်ရမည်။
Exodus 14:21မောရှေသည် ပင်လယ်ပေါ်မှာ လက်ကိုဆန့်၍၊ ထာဝရဘုရားသည် တညဉ့်လုံး၌ အားကြီးသော အရှေ့လေအားဖြင့် ပင်လယ်ရေကို လှန်ပြန်၍၊ မြေကို ပေါ်စေတော်မူသည်နှင့်၊ ရေသည် ကွဲပြတ်လျက်ရှိ၏။
Psalms 114:3ပင်လယ်သည် မြင်၍ပြေးလေ၏။ ယော်ဒန်မြစ် လည်း နောက်သို့ လှည့်လေ၏။
Habakkuk 3:15ကိုယ်တော်သည် မြင်းတော်များကို စီး၍၊ ရေ ဟုန်းဟုန်းမြည်သော ပင်လယ်အလယ်သို့ ချီသွားတော် မူ၏။