Psalms 80:18
သို့ပြုလျှင် အကျွန်ုပ်တို့သည် ကိုယ်တော်ထံမှ မဆုတ်ရကြပါ။ အကျွန်ုပ်တို့ကို အသက်ရှင်စေတော်မူပါ။ နာမတော်ကို ပဌနာပြုကြပါမည်။
1835 Judson Burmese Bible
In The King James Version
So will not we go back from thee: quicken us, and we will call upon thy name.
In Context
17လက်ျာလက်တော်နှင့်ဆိုင်သောလူ၊ ကိုယ်တော် အဘို့ ခိုင်မာစေတော်မူသော လူသား၏အပေါ်မှာ လက်တော်ကိုတင်ပါစေသော။
Cross References
Ezra 7:6ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရ ဘုရားပေးတော်မူသော မောရှေ၏ပညတ္တိကျမ်းစာကို လေ့ကျက်သောစရာဖြစ်သော သူဧဇရသည် ဗာဗုလုန်မြို့ မှ ထွက်သွား၏။ ထိုသူတောင်းသမျှကို သူ၏ဘုရားသခင် ထာဝရဘုရားတန်ခိုးတော်ကြောင့် ရှင်ဘုရင် ပေးသနား တော်မူ၏။
Psalms 71:20ကြီးမားကြမ်းတမ်းသော ဘေးများကို အကျွန်ုပ်အားပြတော်မူပြီ။ တဖန် အသက်ကို ချမ်းသာပေး၍၊ မြေကြီးနက်နဲရာထဲက တဖန်ထမြောက်စေတော်မူမည်။
Psalms 85:6ကိုယ်တော်၏ လူတို့သည် ကိုယ်တော်ကို အမှီပြု ၍ ဝမ်းမြောက်ပါမည်အကြောင်း၊ တဖန်အကျွန်ုပ်တို့ကို အသက်ရှင်စေတော်မူမည်မဟုတ်လော။
Psalms 119:37အနတ္တကို ပမာဏမပြုစေခြင်းငှါ အကျွန်ုပ် မျက်စိကို အခြားသို့ လွှဲတော်မူပါ။ လမ်းခရီးတော်၌ အကျွန်ုပ်အသက်ရှင်စေတော်မူပါ။
Psalms 119:107အို ထာဝရဘုရား၊ အကျွန်ုပ်သည် အလွန် ဆင်းရဲခြင်းကို ခံရပါ၏။ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်စေတော်မူပါ။
Psalms 119:156အိုထာဝရဘုရား၊ သနားစုံမက်တော်မူခြင်း သဘောသည် ကြွယ်ဝပါ၏။ စီရင်တော်မူချက်နှင့်အညီ၊ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။