Psalms 80:9
သူ၏နေရာကိုပြုပြင်တော်မူသဖြင့်၊ သူသည် အမြစ်ကျ၍ တပြည်လုံးကို နှံ့ပြားပါ၏။
1835 Judson Burmese Bible
In The King James Version
Thou preparedst room before it, and didst cause it to take deep root, and it filled the land.
In Context
10သူ၏အရိပ်သည် တောင်တို့ကို၎င်း၊ အခက် အလက်တို့သည် အမြင့်ဆုံးသော အာရဇ်ပင်တို့ကို၎င်း လွှမ်းမိုးကြပါ၏။
Cross References
Exodus 23:28ပျားတူများကိုလည်း သင့်ရှေ့သို့ ငါစေလွှတ်၍၊ သူတို့သည် ဟိဝိလူ၊ ခါနနိလူ၊ ဟိတ္တိလူတို့ကို သင့်ရှေ့မှာ နှင်ထုတ်ကြလိမ့်မည်။
Joshua 24:12သင်တို့၌ ထားနှင့်လေးမပါဘဲ၊ သင်တို့ရှေ့မှာ ပျားတူကို ငါစေလွှတ်၍၊ အာမောရိမင်းကြီးနှစ်ပါးကို သင် တို့ရှေ့မှ ငါနှင်ထုတ်လေ၏။
1 Kings 4:20ထိုကာလ၌၊ ယုဒအမျိုးနှင့် ဣသရေလ အမျိုးသားတို့သည် အရေအတွက်အားဖြင့် သမုဒ္ဒရာ သဲလုံးနှင့်အမျှများပြား၍ စားသောက်ပျော်မွေ့လျက် နေကြ၏။
1 Chronicles 21:5လူပေါင်းစာရင်းကို ဒါဝိဒ်အား ဆက်၍၊ ဣသ ရေလအမျိုး၌ ထားကိုင်သူရဲတသန်းနှင့် တသိန်း၊ ယုဒ အမျိုး၌ ထားကိုင်သူရဲလေးသိန်းနှင့် ခုနစ်သောင်းရှိ၏။
Nehemiah 9:22နောက်မှတပါးအမျိုးသားတို့၏ တိုင်းနိုင်ငံများ ကို သူတို့အား အကုန်အစင်ဝေဖန်၍ ပေးသနားတော် မူသဖြင့်၊ သူတို့သည် ဟေရှဘုန် ရှင်ဘုရင်ရှိဟုန်နှင့် ဗာရှန်ရှင်ဘုရင် ဩဃအစိုးရသောပြည်တို့ကို သိမ်းယူ ကြ၏။
Psalms 105:44သူတို့သည် အထုံးအဖွဲ့တော်တို့အတိုင်း ကျင့်၍၊ ပညတ်တရားတော်ကို စောင့်ရှောက်မည်အကြောင်း၊ တပါးအမျိုးသားတို့၏မြေကို ပေးတော်မူသဖြင့်၊ သူတို့ သည် အခြားသောလူတို့၏ အလုပ်ထဲသို့ ဝင်စားရကြ၏။ ဟာလေလုယ။