Psalms 82:2
သင်တို့သည် မတရားသော သူတို့၏ မျက်နှာကို ထောက်၍၊ အဘယ်မျှ ကာလပတ်လုံး မတရားသဖြင့် စီရင်ကြမည်နည်း။
1835 Judson Burmese Bible
In The King James Version
How long will ye judge unjustly, and accept the persons of the wicked? Selah.
In Context
1ဘုရားသခင်သည် ဘုရားတို့၏ ပရိသတ်၌ ရပ်လျက် နေတော်မူ၍၊ ဘုရားတို့ အလယ်၌ စီရင်တော်မူ ၏။
Cross References
Exodus 10:3မောရှေနှင့် အာရုန်တို့သည်၊ ဖာရောဘုရင်ထံသို့ ဝင်ပြီးလျှင်၊ ဟေဗြဲလူတို့၏ ဘုရားသခင်ထာဝရ ဘုရားက၊ သင်သည် ငါ့ရှေ့မှာ ကိုယ်ကိုကိုယ် မနှိမ့်ချဘဲ အဘယ်မျှကာလပတ်လုံး နေလိမ့်မည်နည်း။ ငါ၏လူတို့ သည် ငါ့အား ဝတ်ပြုမည်အကြောင်း၊ သွားရသောအခွင့်ကို ပေးလော့။
Leviticus 19:15တရားတွေ့သည်အမှုမှာ မတရားသဖြင့် မစီရင်ရ။ ဆင်းရဲသောသူဘက်၌ မငဲ့ကွက်၊ ကြီးသောသူ၏ မျက်နှာကို မထောက်ဘဲ၊ ကိုယ်အမျိုးသားချင်းကို တရားသဖြင့် စီရင်ရမည်။
1 Kings 18:21ဧလိယသည် လူများရှိရာသို့ လာ၍၊ သင်တို့ သည် ဘာသာနှစ်ပါးစပ်ကြားမှာ အဘယ်မျှကာလ ပတ်လုံး ယုံမှားသောစိတ်နှင့် နေကြလိမ့်မည်နည်း။ ထာဝရဘုရားသည် ဘုရားသခင်မှန်လျှင် ထိုဘုရားကို ဆည်းကပ်ကြလော့။ ဗာလသည် ဘုရားသခင်မှန်လျှင် ထိုဘုရားကို ဆည်းကပ်ကြလော့ဟုဆိုလျှင်၊ လူများတို့ သည် တိတ်ဆိတ်စွာ နေကြ၏။
Job 32:21အဘယ်သူ၏မျက်နှာကိုမျှမထောက်၊ အဘယ် သူကိုမျှ ချီးမွမ်းသော စကားနှင့်မချော့မော့။
Psalms 58:1အိုလူသားတို့၊ အကယ်စင်စစ် သင်တို့သည် စကားဖြောင့်ကြသလော။
Proverbs 18:5တရားတွေ့ရာအမှု၌ ဖြောင့်မတ်သောသူကို ရှုံးစေခြင်းငှါ၊ မတရားသော သူ၏မျက်နှာကို မထောက် ကောင်း။