Psalms 83:3
ကိုယ်တော်၏ လူစုတဘက်၌ပရိယာယ်ကိုကြံ၍၊ ကိုယ်တော် ကွယ်ကာတော်မူသော သူတို့တဘက်၌ တိုင်ပင်ကြပါ၏။
1835 Judson Burmese Bible
In The King James Version
They have taken crafty counsel against thy people, and consulted against thy hidden ones.
In Context
2ကိုယ်တော်၏ရန်သူတို့သည် ရုန်းရင်းခတ်ပြုကြပါ၏။ ကိုယ်တော်ကို မုန်းသောသူတို့သည် ထကြပါ၏။
4ဣသရေလ၏နာမကို နောက်တဖန်အောက် မေ့စရာမရှိစေခြင်းငှါ လာကြ၊ သူတို့အမျိုးကို ပယ်ဖြတ် ကြကုန်အံ့ဟု ဆိုကြပါ၏။
Cross References
1 Samuel 13:19ဖိလိတ္တိလူတို့က၊ ဟေဗြဲလူတို့သည် ထားလှံတို့ကို မလုပ်စေနှင့်ဟု စီရင်မြဲရှိသောကြောင့်၊ ဣသရေလ ပြည်တရှောက်လုံးတွင် ပန်းပဲတယောက်မျှမရှိ။
Psalms 10:9ချုံထဲမှာနေသော ခြင်္သေ့ကဲ့သို့ ကွယ်ရာအရပ်၌ ပုန်း၍နေတတ်ပါ၏။ ဆင်းရဲသောသူကို ဘမ်းဆီးခြင်းငှါ ပုန်းကွယ်၍ နေပါ၏။ ဆင်းရဲသောသူကို ကွန်ရွက်ထဲသို့ ဆွဲ၍ဘမ်းဆီးတတ်ပါ၏။
Psalms 31:20လူတို့ပြုတတ်သောပရိယာယ်နှင့် ကင်းလွတ်စေ ခြင်းငှါ၊ ကျိန်းဝပ်တော်မူရာ အတွင်းအရပ်၌ ထိုသူတို့ကို ဝှက်ထားသော်မူ၏။ ရန်တွေ့ခြင်း အသံကိုကွယ်ကာ လျက်၊ တဲတော်တွင်သူတို့ကို စောင့်မတော်မူ၏။
Psalms 64:2လူဆိုးတို့၏ တိုင်ပင်ရာမှ၎င်း၊ ဒုစရိုက်ကို ပြုလေ့ရှိသော သူတို့၏ စုဝေးရာမှ၎င်း၊ အကျွန်ုပ်ကို ကွယ်ကာတော်မူပါ။
Isaiah 7:6ငါတို့သည် တိုက်ယူ၍ ပြည်အလယ်မှာ တဗာလ ၏သားကို မင်းအရာ၌ ခန့်ထားကြကုန်အံ့ဟု သင့်ဘက်၌ မကောင်းသောအကြံကို ကြံကြသော်လည်း၊
Colossians 3:3အကြောင်းမူကား၊ သင်တို့သည် သေသောသူ ဖြစ်၍ သင်တို့အသက်သည် ခရစ်တော်နှင့်အတူ ဘုရား သခင်၌ ဝှက်ထားလျက်ရှိ၏။