Psalms 84:1
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ ကိုယ်တော် ကျိန်းဝပ်တော်မူရာ အရပ်ဌာနတို့သည် အလွန်နှစ်သက်ဘွယ်ဖြစ်ပါသည်တကား၊
1835 Judson Burmese Bible
In The King James Version
How amiable are thy tabernacles, O LORD of hosts!
In Context
Cross References
1 Kings 22:19မိက္ခာကလည်း၊ သို့ဖြစ်၍ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ပါ။ ထာဝရဘုရားသည် ပလ္လင် တော်ပေါ်မှာ ထိုင်တော်မူသည်ကို၎င်း၊ ကောင်းကင် ဗိုလ်ခြေအပေါင်းတို့သည် လက်ျာတော်ဘက် လက်ဝဲ တော်ဘက်၌ ရပ်နေကြသည်ကို၎င်း ငါမြင်ပြီ။
Psalms 8:1အိုအကျွန်ုပ်တို့၏ ဘုရားရှင်ထာဝရဘုရား၊ နာမ တော်သည် မြေကြီးတပြင်လုံး၌ အလွန်ကြီးမြတ်တော်မူ ၏။ ဘုန်းအာနုဘော်တော်သည် မိုဃ်းကောင်းကင်ပေါ်မှာ တည်လျက်ရှိပါ၏။
Psalms 36:8အိမ်တော်၏ကြွယ်ဝခြင်းနှင့် ရောင့်ရဲလျက် နေ၍၊ ကိုယ်တော်၏ချမ်းသာမြစ်ရေကို သောက်စေခြင်း ငှါ အခွင့်ပေးတော်မူ၏။
Psalms 43:3အလင်းတော်နှင့်သစ္စာတော်ကို စေလွှတ်တော်မူ ပါ။ သူတို့သည် လမ်းပြ၍ သန့်ရှင်းသောတောင်တော်သို့၎င်း၊ တဲတော်သို့၎င်း အကျွန်ုပ်ကို ပို့ဆောင်ပါစေသော။
Psalms 81:1ငါတို့ အစွမ်းသတ္တိတည်းဟူသော ဘုရားသခင် အား ရွှင်လန်းစွာ သီချင်းဆိုကြလော့။ ယာကုပ်အမျိုး၏ ဘုရားသခင်အား ကျူးဧသော အသံကို ပြုကြလော့။
Psalms 103:20တန်ခိုးကြီး၍ နှုတ်ကပတ်တော်အသံကို နား ထောင်လျက်၊ အမိန့်တော်အတိုင်း ဆောင်ရွက်သော ကောင်းကင်တမန်တော်တို့၊ ထာဝရဘုရားကို ကောင်းကြီး ပေးကြလော့။