Psalms 84:5
ကိုယ်တော်ကို အားပြုသော သူသည် မင်္ဂလာ ရှိပါ၏။ ထိုသို့သော သူတို့သည် လမ်းခရီးတော်တို့ကို နှလုံးသွင်းတတ်ကြပါ၏။
1835 Judson Burmese Bible
In The King James Version
Blessed is the man whose strength is in thee; in whose heart are the ways of them.
In Context
4အိမ်တော်၌ နေသောသူတို့သည် မင်္ဂလာရှိပါ၏။ ကိုယ်တော်ကို အစဉ်ချီးမွမ်းကြပါလိမ့်မည်။
Cross References
Psalms 28:7ငါတောင်းလျှောက်သောအသံကို နားထောင် တော်မူပြီ။ ထာဝရဘုရားသည် ငါ၏ခွန်အားဗလ၊ ငါ၏ အကွယ်အကာဖြစ်တော်မူ၏။ ငါ့နှလုံးသည် ထိုဘုရားကို ကိုးစား၍၊ ငါ့ကို စောင့်မတော်မူသောကြောင့်၊ ငါ့နှလုံး သည်ရွှင်လန်းလျက်ရှိ၏။ သီချင်းဆိုလျက်ဂုဏ်တော်ကို ငါချီးမွမ်း မည်။
Psalms 42:4ထိုအခြင်းအရာကို ငါအောက်မေ့၍နေစဉ်တွင်၊ ငါ့စိတ်နှလုံးသည် ကြေကွဲလျက်ရှိ၏။ အကြောင်းမူကား၊ ငါသည်လူစုများနှင့် ပေါင်းဘော်လျက်၊ ရွှင်လန်းခြင်း အသံ၊ ထောမနာပြုခြင်းအသံတို့ကို ပြိုင်ဆို၍၊ ဓမ္မပွဲခံ သောလူစုများနှင့်အတူ ဘုရားသခင်၏ အိမ်တော်သို့ ဖြည်းညှင်းစွာ သွားလှလေပြီ။
Psalms 65:5အကျွန်ုပ်တို့ကို ကယ်တင်တော်မူသော ဘုရား၊ အကျွန်ုပ်တို့၏ ပဌနာကို နားထောင်၍ အံ့ဘွယ်သော အမှုတို့ကို တရားတော်နှင့်အညီ ပြတော်မူ၏။ ကိုယ်တော်သည် ဝေးစွာသော မြေကြီးစွန်းနှင့်၊ ပင်လယ်စွန်းတို့၌ နေသောသူတို့၏ ကိုးစားရာ ဖြစ်တော်မူ၏။
Psalms 122:1ငါတို့သည် ထာဝရဘုရား၏ အိမ်တော်သို့ သွားကြကုန်အံ့ဟု သူတပါးတို့သည် ပြောကြသောအခါ၊ ငါသည် ဝမ်းမြောက်ခြင်းရှိ၏။
Isaiah 26:9ညဉ့်အခါ အကျွန်ုပ်သည် စိတ်နှလုံးနှင့် ကိုယ် တော်ကို တောင့်တပါ၏။ နံနက်အခါ အကျွန်ုပ်သည် အတွင်းဝိညာဉ်အားဖြင့် ကိုယ်တော်ကိုရှာပါ၏။ မြေပေါ် မှာ အမှုကို စစ်ကြော စီရင်တော်မူသောအခါ၊ လောကီ သားတို့သည် တရားကိုသင်ကြ၏။
Jeremiah 31:6ဧဖရိမ်တောင်ပေါ်မှာ ကင်းစောင့်တို့က၊ ထကြ လော့။ ငါတို့ ဘုရားသခင် ထာဝရဘုရားရှိတော်မူရာ ဇိအုန်တောင်သို့သွားကြကုန်အံ့ဟု ကြွေးကြော်ရသော အချိန်ကာလသည် ရောက်လိမ့်မည်။