Psalms 89:8
ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရ ဘုရား၊ ကိုယ်တော်နှင့် အဘယ်သူ တူပါသနည်း။ ထာဝရ ဘုရားသည် ခွန်အားကြီးတော်မူ၏။ သစ္စာတော်လည်း ကိုယ်တော်ကို ပတ်ဝန်းလျက်ရှိပါ၏။
1835 Judson Burmese Bible
In The King James Version
O LORD God of hosts, who is a strong LORD like unto thee? or to thy faithfulness round about thee?
In Context
9သမုဒ္ဒရာ ဟုန်းခြင်းကို အစိုးရတော်မူ၏။ လှိုင်း တံပိုးထသောအခါ ငြိမ်းစေတော်မူ၏။
Cross References
Deuteronomy 7:21သူတို့ကြောင့် ထိတ်လန့်ခြင်း မရှိရ။ အကြောင်း မူကား၊ တန်ခိုးကြီး၍ ကြောက်မက်ဘွယ်သော သင်၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့တွင် ရှိတော် မူ၏။
Joshua 22:22မြတ်စွာဘုရားသခင် ထာဝရဘုရား၊ မြတ်စွာဘုရား သခင် ထာဝရဘုရားသည် ကိုယ်တော်တိုင် သိတော်မူ၏။ ဣသရေလအမျိုးလည်း ကိုယ်တိုင်သိရလိမ့်မည်။ ပုန်ကန် မည်အကြံ၊ ထာဝရဘုရားကို ပြစ်မှားမည်အကြံရှိ၍၊ ထာဝရဘုရားနောက်တော်သို့ မလိုက်ဘဲ လွှဲသွားခြင်းငှါ ငါတို့သည် ယဇ်ပလ္လင်ကို တည်သည်မှန်လျှင်၊ ယနေ့ ဘေးမလွတ်ပါစေနှင့်။
1 Samuel 15:19သို့ဖြစ်၍ သင်သည် ထာဝရဘုရား၏အမိန့်တော်ကို နားမထောင်ဘဲ၊ ရန်သူ၏ ဥစ္စာကို လုယူ၍ ထာဝရဘုရားရှေ့တော်၌ ဤဒုစရိုက်ကို အဘယ်ကြောင့် ပြုဘိသနည်းဟု ပြောဆိုသော်၊
Job 9:19တန်ခိုးကိုအမှီပြုမည်ဆိုသော်၊ ဘုရားသခင်သည် တန်ခိုးကြီးတော်မူ၏။ တရားကိုအမှီပြုမည်ဆိုပြန် သော်၊ အဘယ်သူသည် ငါ့ဘက်၌ သက်သေခံမည်နည်း။
Psalms 24:8ဘုန်းကြီးသောရှင်ဘုရင်ကား အဘယ်သူနည်း။ အစွမ်းတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရဘုရား၊ စစ်တိုက်ခြင်းငှါ တန်ခိုးကြီးတော်မူသော ထာဝရဘုရား ပေတည်း။
Psalms 71:19အိုဘုရားသခင်၊ ဖြောင့်မတ်တော်မူခြင်းတရားသည် အလွန်မြင့်ရာသို့ မှီသည်ဖြစ်၍၊ ကိုယ်တော်သည် ကြီးစွာသော အမှုတို့ကို ပြုတော်မူ၏။ အိုဘုရားသခင်၊ ကိုယ်တော်နှင့်အဘယ်သူတူပါသနည်း။